Tuesday, 15 September 2009

တမ်းချင်း


မင်းသွေဖယ်တဲ့ စက္ကန့်တိုင်းမှာ
Ventilation ကင်းမဲ့နေတဲ့
မြေအောက်ကမ္ဘာလို
ဟဒယရုပ်တွေ
ငုတ်တုတ်မေ့နေပြီ။


မင်းပြန်လာခဲ့ပါ။


ပြောရဲတယ်
ဂဏန်းတွေတိုးပွါးအောင်
ငါ အားမထုတ်ခဲ့ဘူး
မင်းရဲ့  သင်္ချာဥာဏ်တွေ
ဝိပလ္လာသ ကူးစက်ခံရတာပါ။


ဆောင်းကြိုလေးရူးတွေ
ငါ့ရဲ့ မာနကို ခွါချလုပြီ
ငါ့ရဲ့ ဝိညာဉ်လဲ
အခက်အလက်ကင်းမဲ့လို့
ကောင်းကင်ဘုံကို တမ်းတနေလေရဲ့ ။


....

6 comments:

  1. တမ်းခြင်းကဗျာလေး ဖတ်သွားတယ်ဗျာ။ အပြည့်အ၀တော့ နားမလည်ဘူး။

    ReplyDelete
  2. မှန်းရင်း...လွမ်းရင်း...တမ်းခြင်းတွေ တသီကြီးသီလို့
    အင်း..တော်တော်ကို တမ်းတ ..မှန်းဆ..လွမ်းပျ လို့
    နွမ်းလျှ နေပုံပဲ..
    အားလုံးအဆင်ပြေပါစေဗျာ...

    ReplyDelete
  3. ကဗျာလေးလာဖတ်သွားတယ်.....
    တမ်းတခြင်းတွေမှ အမြန်ဆုံးကင်းဝေးပါစေနော်
    နှင်း

    ReplyDelete
  4. ကဗျာလေး လာဖတ်ပါတယ် သယ်ရင်းရေ အားလုံးအဆင်ပြေပါစေဗျာ

    ReplyDelete
  5. ကဗျာက မြင့်လို့ဖြစ်မယ် ပါးလုံးနားမလည်ဘူးဗျ တောကလေးလို့ပြောလည်းရတယ်နော်။ သေချာတော့ဖတ်တာပဲ နားလည်တာကတော့ ပြန်လာခဲ့ပါတဲ့။ ပြန်လာစေချင်သူ မြန်မြန်ပြန်လာပါစေဗျာ
    ပျော်ရွှင်ပါစေ
    ခင်မင်လျှက်
    ညီမလေး ပါးလုံး

    ReplyDelete
  6. ကဗျာလေး လာဖတ်ပါတယ်

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။