Tuesday, 22 September 2009

ရပ်ကွက်ထဲမှာ...


အတ္တမိုးတိမ်တွေ
အလျံပယ် ဝေကျနေချိန်မှာ
မာယာမုန်တိုင်းက
ရိုင်းရိုင်းစိုင်းစိုင်း အပြုံးတွေချွေလို့။


ဘရဏီရာထူးအတွက်
အပြေးပြိုင်ကြပုံတွေ
သာဌေယျ လက်ပါးစေဘ၀ထဲ
ကြမ်းပြင်ကို နဖူးနဲ့ မိတ်ဆက်လုလု။


မှန်နေတဲ့အမှန်တရားကို
မှားနေတဲ့ သစ္စာက
သုဝဏ္ဏလျံကျင့်ထုံးအတုတွေနဲ့
သားရွှေအိုးထမ်းစေချင်ကြလေရဲ့ ။

....

3 comments:

  1. မှန်နေတာတွေကို မှားနေတာတွေက
    အနိုင်ယူတတ်ကြတာ...လွဲချော်မှုတစ်ခုပဲနော..
    စဉ်းစားစရာတွေ ပါတယ်..
    ပျော်ပါစေခင်ဗျာ

    ReplyDelete
  2. ကိုကြီးးးးးးးးးးးးးးးးးး
    ကဗျာလေးလာဖတ်တယ်သိလား

    ReplyDelete
  3. အယ် အပေါ်က မြူးလေးပါရှင့်

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။