Monday, 24 August 2009

ဒါမှဒါပါ


ရုက္ခဗေဒမြိုင်နန်းမှာ
ပန်းပေါင်းစုံဖူးပွင့်
ငွါးငွါးစွင့်စွင့်
ကြွားကြွားဝင့်ဝင့်။


နှင်းဆီ သဇင် သစ်ခွ
ဒေါန မြလေး ကြာပဒုမ္မာ
ခတ္တာ ခွါညို စံပယ် ကြက်ရုံး
မုန်းရက်စရာမရှိပေဘူး။


ဒါပေမဲ့.....
သံသယအပူနဲ့
သောကတွေ မယူစေချင်ဘူး။


တကယ်ဆို..
ကိုယ့်အတွက်က
ပိတောက်တစ်ခက်ဆို လုံလောက်ပြီ။ ။

....

7 comments:

  1. သယ်ရင်း တစ်ခက် ဆိုတော်ပြီလား :p
    နောက်တာ စာတွေပြန်ဖတ်ရလို့ ၀မ်းသာပါတယ်

    ReplyDelete
  2. စားသွားပြီ အကိုကတော. ဟဲဟဲ
    အဲဒါကြောင်. အကို.မဟေသီ ဒေ၀ီ ပိတောက်
    က အကိုဆွတ်တော. ညွှတ်သွားတာနေမှာ ဟီးးးး
    အဆင်ပြေ ပျော်ရွှင်ပါစေ အကိုရေ ...

    ReplyDelete
  3. မင်္ဂလာပါ ကိုကိုမောင်
    မအားတာနဲ့ဘယ်မှမရောက်ဖြစ်ဘူး
    ပိတောက်ပန်းလေးနဲ့ကဗျာလေးဖတ်ရတော့
    အမိမြေကိုလွမ်းဆွတ်သတိရမှုပိုဖြစ်သွားတယ်
    ခင်မင်လျက်

    ReplyDelete
  4. တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်းမရှိပေမယ့် ဆိုပြီး ကိုထီးအသံကြီးနဲ့ ဆိုနေရင်ကော ချယ်ရီလေးပဲ ယူမှာလားဗျ။

    ReplyDelete
  5. ပိတောက်က ဘာအတွက်လည်းဗျ တယောက်ယောက် ကိုပေးဘို့များလား ဒါမှမဟုတ် ပန်ဘို့တော့ မဖြစ်နိင်ဘူး
    တခုခုတော့ တခုခုပဲ...။

    ReplyDelete
  6. ပိတောက်ကို သစ္စာရှိလို့
    ပိတောက်ကလည်းသစ္စာသိပါတယ်
    နှစ်တိုင်း ရောက်လာနေကြပဲ...

    ပျော်ပါစေ ဘော်ဒါရေ

    ReplyDelete
  7. ကိုကိုမောင့် ကဗျာလေးတွေက နားလည်ပြီး ဖတ်လို့ အဓိပါယ်ရှိတယ်...။း))
    ဆက်ရေးပါ..။

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။