Saturday, 4 July 2009

သီပေါနှင့်စုဖုရား ပြန်ဝင်စားခြင်း

ရာဇ၀င်ဆို စိတ်ဝင်စားတတ်လို့
ဦးကုလား မှန်နန်း
ကျနော် တမ်းတမ်းစွဲ ဖတ်ခဲ့တယ်။

သီပေါ စုဖုရားလတ်အကြောင်း
အထပ်ထပ်ဖတ်ရှု
တစ်ခုခုတော့ သတိထားမိလိုက်သလိုလိုဘဲ။

ခပ်အေးအေး သီပေါရှင်လူထွက်
ခပ်ထက်ထက် စုဖုရားလတ်နဲ့
လက်ထပ်ထိမ်းမြှား
တစ်လင်တစ်မယား စနစ် ထူထောင်ခဲ့တယ်။

သီပေါက ဥသျှောင်
ဦးဆောင်ခဲ့တာက စုဖုရား
အမှားတွေ အများကြီးလုပ်ခဲ့ပေမဲ့
အများအမြင်မှာတော့
သူတို့က
ဘုရင်နှင့်မိဖုရားပါဘဲ။
......

ကျနော်က အေးအေးလူလူ
ချစ်သူက ထက်သထက် ထက်
ချစ်ရက်တွေ ကုန်ဆုံးမှာကို ကြောက်
သေမလောက် ချစ်နေကြတယ်။

ချစ်သူရဲ့  အပြုံးချိုချိုအောက်မှာ
ကျနော်တစ်ယောက် အလူးအလိမ့်နဲ့
သိမ့်သိမ့် ရူးမတတ်
အချစ်ဓါတ်တွေ တိုးပွါးခဲ့ရတယ်။

အေးဆေးမှုနှင့်ထက်မြက်မှု
နှစ်ခုကို အတူတူယှဉ်ပေါင်း
အကြောင်းထူးတော့ ရှိရမယ်
မဟုတ်မှ လွဲရော........
(ကျနော်တို့)
ဘ၀ကူး သီပေါနှင့်စုဖုရား
ဖြစ်များ ဖြစ်လေရော့သလား မသိ။


......

10 comments:

  1. ဟုတ်လောက်တယ်နော်...
    စုဖုရားလတ်လေး ဘယ်မှာဖွက်ထားလဲ
    ပြောပါအုံး...

    ReplyDelete
  2. တစ်ရက်ထဲနည်း ထွက်လာတဲ့ ကဗျာတွေနည်းဘူး

    ReplyDelete
  3. မိုက်တယ်ဗျ

    မြတ်နိုး

    ReplyDelete
  4. အေးဆေးမှုနှင့်ထက်မြက်မှု
    နှစ်ခုကို အတူတူယှဉ်ပေါင်း
    အကြောင်းထူးတော့ ရှိရမယ်
    မဟုတ်မှ လွဲရော........
    (ကျနော်တို့)
    ဘ၀ကူး သီပေါနှင့်စုဖုရား
    ဖြစ်များ ဖြစ်လေရော့သလား မသိ။

    ကိုကိုမောင်ရေ
    တင်စားပုံလေးကောင်းလွန်းတယ်
    ခင်မင်လျက်

    ReplyDelete
  5. ဟားဟား မိုက်တယ်ဗျာ...အကိုစုဖရားလတ်
    လေးပြလိုက် ဆုကောင်းကောင်းချလိမ်.မယ်
    အကို. ကို ... :)

    ReplyDelete
  6. ခေါင်းစဉ်တွေ့လို့ လာဖတ်ရင်းက
    သိပ်ကောင်းတဲ့ ကဗျာလေးကိုတွေ့သွားတယ်။
    တင်စားထားပုံလေး ကြိုက်တယ်။

    ReplyDelete
  7. အော်....သီပေါမင်းလူဝင်စားတာ ဦးဦးကိုကိုမောင်ဖြစ်နေတာကိုးးးးးးး ဟိဟိ

    ReplyDelete
  8. ကျွန်တော်ဖတ်ဖူးတဲ့ထဲမှာ စုဖုရားလတ်က သီပေါမင်းကို တော်တော်ချစ်တာတဲ့ဗျ..ဘယ်လောက်ချစ်သလဲဆို
    သီပေါမင်း နတ်ရွာစံတော့ စုဖုရားလတ်က အလောင်းကို
    အိမ်ထဲမှာပဲထားတာတဲ့ တော်တော်ကြာမှ ဆရာတော်ကြီးတွေ ၀ိုင်းပြီး ဖျောင်းဖျမှ အုတ်ဂူသွင်းခွင့် ပြုတာတဲ့လေ...သေချာတယ်မပြောနိင်ပေမယ့် အဲဒီလို တော့ဖတ်ခဲ့ရဘူးတယ်...။
    သီပေါနဲ့စုဖုရားပြန်ဝင်စားတယ်လို့ ထင်ခဲ့ရင် အရေးကြီး ဆုံးက အချစ်နန်းတော် မပြိုကွဲအောင် ညှိညှိနှိုင်းနှိုင်း ရှိကြပါနော်...။

    ...ခင်မင်သောအားဖြင့်...

    ReplyDelete
  9. သီပေါမင်းဝင်စားတာဆိုတော့ အတိုကောက် ပေါ လို့ ခေါ်မယ် ရလားဟင်... အဟိ..

    ကိုကိုမောင် မဟုတ်တော့ဘူး.ကိုကိုပေါ ဖြစ်သွားပြီ.

    ReplyDelete
  10.း)
    အနိုင်ခံနေရလို့လား :P

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။