Sunday, 19 July 2009

အနက်ရှိုင်းဆုံးလေးနက်မှုဖြင့်....


အမှောင်ထုကို
အလင်းဖြစ်လာအောင်


မှောက်ထားတဲ့အရာ
ပြန်လှန်လာအောင်


မြှုပ်နေတဲ့အရာ
ပြန်ပေါ်လာအောင်


ချုပ်ထားတဲ့အရာ
ပြန်လွတ်လာအောင်


မှိတ်ထားတဲ့မျက်လုံး
ပြန်ပွင့်လာအောင်


အိပ်ပျော်နေတဲ့စိတ်
ပြန်နိုးထလာအောင်


မက်ထားတဲ့အိပ်မက်
အကောင်အထည်ပေါ်လာအောင်


သိမ်ငယ်နေတဲ့စိတ်
ပြန်တက်ကြွလာအောင်


အငိုမျက်လုံးများ
အပြုံးနဲ့အစားထိုးနိုင်အောင်


ဆိတ်သုဉ်းနေတဲ့ပန်းများ
ပြန်ပွင့်လန်းလာအောင်


သူတို့(အာဇာနည်တွေ)က
ပျော်ပွဲစားထွက်ရင်း
သက်တောင့်သက်သာ ရယူပေးခဲ့တာမဟုတ်ဘူး။


လက်နက်မျိုးစုံ
ရောဂါမျိုးစုံ
ရန်သူမျိုးစုံကို ကြံ့ကြံ့ခံ တွန်းလှန်ရင်း
ချွေးတွေ..သွေးတွေ.. အသက်တွေနဲ့
အလဲအလှယ်လုပ်ပြီး
ကမ္ဘာ့မျက်နှာမှာ
ပွဲလယ်တင့်စေခဲ့တာပါ။


.......
မှတ်ချက်။
ဤကဗျာဖြင့် အာဇာနည်များကို လေးလေးနက်နက် ဂုဏ်ပြုလိုက်ပါတယ်။

....

15 comments:

  1. ချွေးတွေ..သွေးတွေ.. အသက်တွေနဲ့
    အလဲအလှယ်လုပ်ပြီး
    ကမ္ဘာ့မျက်နှာမှာ
    ပွဲလယ်တင့်စေခဲ့တာပါ။....
    သိပ်မှန်တဲ. စကားတွေပေါ. အကိုရာ
    အာဇာနည်နေ. တို.မမေ.ပါ အကိုရေ...

    ReplyDelete
  2. အနက်ရှိုင်းဆုံးလေးနက်မှုဖြင့် ကဗျာလေးကိုလာဖတ်သွားပါတယ်။ အာဇာနည်များအတွက် စပ်ဆိုထားတာကောင်းပါတယ်။
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  3. သူတို့(အာဇာနည်တွေ)က
    ပျော်ပွဲစားထွက်ရင်း
    သက်တောင့်သက်သာ ရယူပေးခဲ့တာမဟုတ်ဘူး။

    ကိုကိုမောင်ရေ
    အာဇာနည်နေ့ ဂုဏ်ပြုကဗျာလေးဖတ်ရင်း
    အာဇာနည်များအတွက် ဦးညွတ်ပါတယ်
    ခင်မင်လျက်

    ReplyDelete
  4. We humbly bow and pray all of them ..
    မမေ့အပ်ပါသော နေ့တစ်နေ့...

    ReplyDelete
  5. အကို့ ကဗျာလေးကို လေးလေးစားစားဖတ်သွားပါတယ်အကို..

    ReplyDelete
  6. အစ်ကို ကဗျာစပ်ရင် .... နောင့်နားလည်တယ်...တစ်ချို့ ကဗျာတွေ နောင့် သိပ်နားမလည်ဘူး... ဒါပေမယ့် အဲ့လို နားမလည်တာကိုပဲ တွေးရတာကို လဲကြိုက်ပြန်တာပဲ..း)


    ခင်တဲ့
    မေဇင်

    ReplyDelete
  7. အာဇာနည်နေ့ တို့မမေ့
    အဟီး
    မနေ့က မေ့နေလို့ ဒီနေ့မှ လာအော်ရတယ်
    ( ကဗျာလေးနဲ့ သရုပ်ဖော်ထားတာလေး ပီပီ ပြင်ပြင်
    ကြည့်သွားပါတယ် )

    ReplyDelete
  8. လွယ်လွယ်ရယူပေးခဲ့တာမဟုတ်လို့လည်း
    ကျွန်တော်တို့ ပြည်သူတွေအားလုံး အခုထိ တသသ ဖြစ်နေကြတာပေါ့ဗျာ...။

    ReplyDelete
  9. အာဇာနည်နေ့ အမှတ်တရ ကဗျာလေးကို လာဖတ်ပါတယ် ကိုကိုမောင်

    ReplyDelete
  10. Since 1947 July 19, rediscovery of Democracy is always ongoing....Burma is beautiful & Burmese are cheerful..

    ReplyDelete
  11. ဟုတ်တယ် လွတ်လပ်ခြင်းရဲ့ အဖိုးအခ အရမ်းဈေးကြီးတာ။ ခေတ်သစ်အာဇာနည်တွေ လိုနေပီကွားးး။

    ReplyDelete
  12. လာဖတ်သွားပါတယ် ... အာဇာနည်နေ့ကို ဘယ်တော့မှမမေ့ပါဘူးရှင် ....

    ReplyDelete
  13. ကဗျာလေးကို လေးလေးနက်နက်နဲ့ ဖတ်ပြီး.. လေးစားသွားပါတယ်

    ReplyDelete
  14. တကယ်ကောင်းလိုက်တဲ့ ကဗျာလေးပါပဲဗျာ။ =)

    ReplyDelete
  15. ကြိုက်တယ်ဗျာ ကဗျာလေးကို.....

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။