Monday, 29 June 2009

ကြယ်တွေ ကြွေတာကို ရေတွက်ကြည့်ခြင်း


ဗုဒ္ဓ
မသိမှုတွေကို သိမှုတွေနဲ့အစားထိုး
သုံးလူတို့ရဲ့  အားကိုးစရာဖြစ်ခဲ့တယ်။


ဗုဒ္ဓဃောသ
စာပေအကျဉ်းကို အကျယ်ချဲ့ ပြ
လူသားများစွာ သဘောကျခဲ့ကြတယ်။


ဦးဗုဒ်
ဗုဒ်စ ဗုဒ်လယ် ဗုဒ်ဆုံး
ဗုဒ္ဓဘာသာဝင်အားလုံး ဦးညွတ်လို့ မဆုံးခဲ့ပါဘူး။


ဦးဝိစိတ္တသာရာဘိဝံသ
တိပိဋကရဲ့  ပထမဆုံး ဥသျှောင်
လွမ်းတောင် လွမ်းမိပါရဲ့ ။


ဗိုလ်ချုပ်အောင်ဆန်း
မမောမပန်း တောစခန်းတွေကြား
မားမားရပ်တည်ခဲ့လို့
ပြည်သူတို့၏ အလင်းရောင်
တပ်မတော်တို့၏ ရှေ့ ဆောင်
နိုင်ငံ့ဂုဏ်ဆောင် ဖြစ်ခဲ့တယ်။


ဦးသန့်
ကမ္ဘာ့ကုလသမဂ္ဂ အထူးအဖွဲ့မှာ
အတွင်းရေးမှူး နေရာယူပြခဲ့လို့
မြန်မာတွေ (ဇာတိ)သွေးကြွခဲ့ကြရတယ်။


ဒိုင်ယာနာ
နိုင်ငံတကာမှာ ရည်ပန်းစား
ဆင်းရဲသူတွေနှင့်တစ်သွေးသားထဲ ဖြစ်ခဲ့လို့
ကမ္ဘာ့အချစ်တုံးကြီးဖြစ်ခဲ့တယ်။


မာသာထရေဇာ
မေတ္တာတရားကို ရင်မှာပိုက်
မောဟိုက်မှုကြားတွေထဲက
လူသားတွေအားလုံးအတွက်
သူ့အသက်ကိုတောင် ဂရုမစိုက်ခဲ့ဘူး။


မိုက်ကယ်ဂျက်ဆင်
အသက်ငယ်ငယ်ကပင် ထင်ရှား
(တစ်ကမ္ဘာလုံးရဲ့ )
စတား တစ်ယောက်ဖြစ်ခဲ့တယ်။
...............................................


ဘီစီတွေ အေဒီတွေကြားထဲ
မားမားရပ်ခဲ့ကြတဲ့ သူရဲကောင်းတွေ သူတော်ကောင်းတွေ
အမှည့်ကြွေ အနုကြွေ မြေခလို့
(တစ်ဖြုတ်ဖြုတ်နဲ့)
ကြွေကျသွားခဲ့ကြရရှာပြီ။


လွမ်းစိတ်တွေ ဝေလို့မို့
ကြယ်တွေကြွေတာ ရေတွက်ရင်း
(ကျနော်လဲ)
သက်ပြင်းတွေ အလီလီ ချနေမိခဲ့တယ်။ ။


မှတ်ချက်။
ကြယ်ကြွေပေါင်း များစွာ ကျန်ရှိနေပါဦးမည်။
ကျနော် အနေခက်၍ မရေတွက်မိခြင်းဘဲ ဖြစ်ပါသည်။ ။

...

10 comments:

  1. အကို ရေးထားတာတွေ ထဲက ကျနော် မသိတာတွေ တောင် ရှိသေးတယ် အခုလိုဘဲ ကြွေသွားတဲ့ ကြယ်တွေ အများကြီးဘဲပေါ့ဗျာ
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  2. ကြယ်တ္ဂေကြေ္ဂနေတာ တဖြုတ်ဖြုတ်ပဲနော်..
    ကဗျာလေးကကောင်းတယ်..
    ပျော်ပါစေခင်ဗျာ

    ReplyDelete
  3. ကိုကြီး
    ကဗျာလေးကောင်တယ်သိလား

    ReplyDelete
  4. ကဗျာလေး တော်တော် ကောင်းတယ်နော်... လင်းလက်လွန်းတဲ့ ကြယ်တွေ ကြွေနေတာ စိတ်မကောင်းဘူး..။

    ReplyDelete
  5. ကဗျာလေးက သုတလည်းပါတဲ့ ဖတ်ကောင်းတဲ့ကဗျာ
    လေးပါပဲ.....အကို....

    ReplyDelete
  6. ကြွေသွားတဲ့ကြယ်တွေ မရေနိင်တော့ပါဘူးဗျာ...။
    ကမ္ဘာမြေကို ဒုက္ခပေးမယ့်သူတွေကတော့ ကျန်နေသေးရဲ့

    ReplyDelete
  7. ကြယ်တွေကြွေတာကို ခံစားသွားတယ်။

    ReplyDelete
  8. ကြယ်တွေကြွေသလို . ကိုယ်ကိုယ်တိုင်လည်း ကြွေဖို့ရကပိုနီးလာပြီလို့ ခံစားရပါတယ်..

    ReplyDelete
  9. ကောင်းတယ် အကိုရေ ကဗျာလေးက
    အင်း ကြယ်ကြွေတွေ ရေတွက်ရင်းကိုလဲ
    ဘဲ တစ်နေ.တော. ကြွေလွင်.ကြရအုံးမယ်ဗျာ
    သံဝေဂလေး လဲရစေပါတယ်...အားပေးလျက်

    ReplyDelete
  10. ကြယ်ကြွေတွေကို အတူ လိုက်ပါ ရေတွက်ရင်း.. ကိုယ်တိုင်လဲ ကြွေကျရဦးမယ့် အဖြစ်ကို မြင်ရတယ်။ ဘယ်တော့လဲ.. ဘယ်ချိန်လဲ.. ပြင်စရာ ရှိတာ ကြိုးစား ပြင်ဆင်ဖို့ အသိရလိုက်တယ်။ ကျေးဇူး တင်ပါတယ်ဗျာ။

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။