Friday, 19 June 2009

ရွတ်ဖတ်ပါကြ သုတ်မောရ


ရာဟုအသူရိန်
အကြိမ်ကြိမ်လှည့်ပတ်
နေကြတ်လကြတ်။


မုဆိုးကျော့ကွင်းကို
သားကောင်ဆင်းတိုးတော့
မုဆိုးဝမ်းမြောက်
သားကောင်ကြောက်
ထောင်ချောက် ထောင်ချောက်။


ဈာန်ရ ရဟန်း
ကောင်းကင်ပျံသန်းစဉ်
ညှို့မျက်ဝန်း မဒီကညာ
ဝတ်ရုံလွှာ ပြေအကျမှာ
မြေခဈာန်လျော
သို့လော သို့လော။


တာနောအကြိုက်
သမ္ဘူ မလိုက်ခဲ့ပေမဲ့
သောတ္ထိငမိုက်
သူ မကြိုက် သူ မကြိုက်။


ယထာဝါဒီ တထာကာရီ
အပြောညီမှ သဘောအတည်ဖြစ်မယ်
ဒါကြောင့်
မလုပ်မပြော လုပ်မှပြော
မောရသုတ်လေး ရွတ်ဖို့သင့်ပြီ။


မှတ်ချက်။
ဤကဗျာဖြင့် ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုပါ၏။ ။

..........

6 comments:

  1. အကိုရေ ကဗျာဖတ်ရင်းနဲ. ဇာတ်တော်လေး
    တွေတောင် လွမ်းသွားတယ်ဗျာ

    ReplyDelete
  2. သယ်ရင်းရော ဈန်လျှောနေပြီလား (နောက်တာ)
    ပျော်ရွှင်ပါစေရှင်

    ReplyDelete
  3. ကိုကိုမောင်ရေ
    ထူးခြားတဲ့ကဗျာစပ်နည်းလေးပါပဲ
    ခင်မင်လျက်

    ReplyDelete
  4. ကျနော်လည်း မောရသုတ်ကို နေ့တိုင်းရွတ်ဖတ်နိုင်အောင်ကြိုးစားမယ်...
    :D

    ReplyDelete
  5. ကဗျာကောင်းလေး လာဖတ်သွားပါတယ်အကို

    ReplyDelete
  6. အင်း သေသေချာချာနားမလည်ဝူး။ တစ်ချို့စကားလုံးတွေ :( ဒါပေမယ့် ကဗျာတော့ ကောင်းပါတယ် :D

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။