Sunday, 14 June 2009

ချစ်မျက်ပြေ

ချစ်သူ
ကမ္ဘာပျက်လောက်တဲ့ ရန်ကို မကြောက်ပေမဲ့
ချစ်သူကို ပစ်ရလောက်အောင်တော့ ကို သတ္တိမရှိသေးပါဘူး။

ချစ်သူ
ချစ်သူအတွက် ဘ၀ကို စွန့်လွတ်နိုင်ပေမဲ့
ချစ်သူကို စွန့်လောက်ရအောင်တော့ ကို မမိုက်သေးပါဘူး။

ချစ်သူ
သန်းပေါင်း ၆ ထောင်ကျော် ကမ္ဘာ့လူထုတွေရဲ့ 
မုန်းတီးမှုကို ကို ရဲရဲရင့်ရင့် ခံယူရဲပါတယ်
ဒါပေမဲ့
ချစ်သူ့ဥပေက္ခာကိုတော့ ကို မခံယူပါရစေနဲ့။

ချစ်သူ
ကို့ရဲ့ စကားလုံးတွေက
ချစ်သူကို
အပြုံးတွေဘဲပေးချင်တဲ့
ချစ်တဲ့ အချစ်စကားလုံးတွေရယ်ပါ
အမုန်းတွေ တစ်စက်မှမပါပါဘူး။

ချစ်သူ
ချစ်သူရဲ့ အချစ်က
ကို့ကို အင်အားဖြစ်စေသလို
ကို့ရဲ့ အချစ်တွေကလဲ
ချစ်သူအတွက်
အာယုဒီဃအားဆေးဖြစ်စေချင်တယ်။

ချစ်သူ
မုန်းဖို့စကားတွေ လာမပြောပါနဲ့
အိပ်မက်ထဲမှာ လမ်းခွဲရတာတောင်
မျက်ရည်စစ်တွေ အကြိမ်ကြိမ်ကျခဲ့ဖူးလို့ပါ။

ချစ်သူ
အချစ်တွေမပြိုင်ချင်ပါဘူး
ပြိုင်တယ်ဆိုတာ
အနိုင်အရှုံးလိုချင်သူတွေအတွက်
လက်နက်တစ်မျိုးဘဲ မဟုတ်လား
ကို့အချစ်တွေက
ကြည်နူးမှု ရေစင်သက်သက်လေးရယ်ပါ။

ချစ်သူ
ချစ်သူရဲ့  ချစ်တတ်တဲ့ အချစ်ကို
ကိုက
ချစ်မြတ်နိုးစွာ
တန်ဖိုးထားနေလျှက်ပါ။

ချစ်သူ
ချစ်သူ့အမျက်က
ဓါးထက်ထက်နဲ့ မွှေလိုက်သလို
အခက်ပွေစေလှပါတယ်
သက်သေပမာ မျက်ရည်စီးကျသမို့
ကို့ကို အမျက်တော် ပြေပေးပါလား။

....

3 comments:

  1. ဒီတစ်ပုဒ်လဲ ထိတယ်ဗျာ...အဲဒါကြောင်.အကို
    ကောင်မလေး ကြွေနေတာ ဖြစ်မှာ ဟီးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  2. ချစ်သူ
    ချစ်သူ့အမျက်က
    ဓါးထက်ထက်နဲ့ မွှေလိုက်သလို
    အခက်ပွေစေလှပါတယ်
    သက်သေပမာ မျက်ရည်စီးကျသမို့
    ကို့ကို အမျက်တော် ပြေပေးပါလား။

    ချစ်အမျက်ပြေပါစေ
    ခင်မင်လျက်

    ReplyDelete
  3. I love your blog.. very nice colors & theme. Did you make this
    website yourself or did you hire someone
    to do it for you? Plz respond as I'm looking to design my own blog and would like to know where u got this from. kudos

    Stop by my blog ... semanticweb.org

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။