Thursday, 14 May 2009
အချစ်သည် ဆန်းကြယ်၏
အချစ်သည်
ဆန်းကြယ်၏။
ဆန်းကြယ်သလောက် ချစ်ဖို့ကောင်း၏။
ထို့ကြောင့် အချစ်ကိုတွေ့ဖို့ အချစ်တွေ လိုက်ရှာနေကြ၏။
........
ရုပ်အဆင်းလှ ဂုဏ်အဆင့်မြင့်လှသည့်
ရွှေမင်းသမီးလေးသည်
ရုပ်ဆိုး သဘောဆိုး မျက်နှာပုပ်သိုးနေသော
ပေါင်တိုယောက်ျားတစ်ယောက်ကို ချစ်ကြိုက်ခဲ့ဖူးလေပြီ။
ဥစ္စာပေါ ရုပ်ချော သူဌေးသမီးလေးသည်
လုယက် ခိုးဝှက် တိုက်ခိုက်ခဲ့သော
အဖမ်းဆီးခံခိုးသူယောက်ျားတစ်ယောက်ကို
မြင်မြင်ချင်း ချစ်မိသည့်အတွက်
အသပြာများစွာပေးကာ သူသတ်တို့၏ လက်မှ ကယ်တင်ခဲ့ဖူးလေပြီ။
အသက်ကြီး စိပ်ပုတီးလွယ်ချိန်ရောက်နေသည့်
ဓါတုကလျာ မင်းသမီးကြီးသည်
သူမအသက်အောက် ထက်ဝက်ခန့်ငယ်သည့်
ရတုစာဆို နတ်သျှင်နောင်မင်းသားလေးကို ချစ်မြတ်နိုးခဲ့ဖူးလေပြီ။
ရိုးရိုးသားသား ယဉ်ယဉ်ကျေးကျေး
ဝဏ္ဏပဘာလေးသည်
သာသနာ့ဘောင်မှာ ထွန်းတောက်နေသည့်
ရှင်မဟာရဋ္ဌသာရကို ချစ်ခင်စုံမက်ခဲ့ဖူးလေပြီ။
ထက်မြက် သွက်လက် လှပ သဘောကောင်း ပစ္စည်းရှိ ပညာတတ်
မိန်းခလေးတစ်ယောက်သည်
ဘာမှမဟုတ်သော ကျွန်ုပ်ကို ချစ်ကြိုက်နေလေပြီ
ဘာမှ မဟုတ်သည့် ကျွန်ုပ်ကလည်း
အကုန်လုံး ဟုတ်နေသည့် သူမကို
ချစ်ကြိုက် မြတ်နိုး တွယ်တာမိနေလေပြီ။
အော်...
အချစ်မှာ အပြစ်မရှိပါတကား။ ။
......
အချစ်သည်
ဆန်းကြယ်၏။
ဆန်းကြယ်သလောက် ချစ်ဖို့ကောင်း၏။
ထို့ကြောင့် အချစ်ကိုတွေ့ဖို့ အချစ်တွေ လိုက်ရှာနေကြ၏။
ကျွန်ုပ် အချစ်လိုက်ရှာရင်း အချစ်ကိုတွေ့ပြီ။
...........
12 comments:
  1. ရှေးအဆက်ဆက်က အချစ်တွေလဲ အံသြဖွယ် ကောင်းလွန်းခဲ့၏။ ပစ္စုပ္ပန် အချစ်သည်လည်း ဆန်းကြယ်၏။ အနာဂတ်မှာလဲ မပြောင်းလဲပဲ ဆန်းကြယ်နေဦးမည်ထင်။ ဘဝနှင့် ယှဉ်သော အချစ်.. ဘဝမှာ တန်ဖိုးထားကြည်နူးဖွယ် ကောင်းသော အချစ်အဖြစ် အချစ်ကို အသုံပြုနိုင်ပါစေ ခင်ဗျာ.။ အတိတ်က အချစ်ဇာတ်လမ်းများစွာကို တမ်းတမြင်ယောင်ရင်း.. အချစ်တို့သည် မပျက်စီးသော်ငြား လူသားတို့ သည်တော့.. သံဝေဂရသွားတယ်။ သံဝေဂ အဆင့်ထိ မရောက်သေးဘူးဗျိုး..။ မှားလို့။ အသိလေး နည်းနည်း ပိုသွားရုံမျှ..။ အတွေးများစွာ ပေးတဲ့ ကဗျာကောင်းလေး အတွက် ကျေးဇူးပါ။ အားပေးနေလျက်..။
    ReplyDelete
  2. အမလေးနော်... ချစ်တတ်လိုက်တာလဲ လွန်ပါရော..
ီဦးဦးမောင်က..အဟား...
    ဧကန်ဏ...ဓာတုကလျာနဲ့ နတ်သျှင်နောင်လို
    အသက်အရွယ် တော်တော်ကွာမယ့်ပုံပဲ...အဟဲ..
    မသိဘူးနော်..ရမ်းတုတ်တာ... အဟီးး :P
    ReplyDelete
  3. အိုး
    ReplyDelete
  4. ဂုဏ်ယူပါတယ် အကိုရေ...ခံစားချက်နဲ.
    သမိုင်းကြောင်းလေးတွေရောပြတာကောင်းတယ်ဗျာ..
    ဆက်ကြိုးစားအကိုရေ...ညီကိုလဲနည်းလေးဘာလေး
    ပေးပါအုံးဗျာ...ဟီးးးးးးးးးးး
    ReplyDelete
  5. ကိုကိုမောင်တော့ အချစ်နဲ့တွေ့ကတည်းက ကဗျာတွေရော စာတွေရော လန်းမှလန်းပဲ
    အချစ်နဲ့ပျော်ရွှင်ပါစေ.
    ReplyDelete
  6. အချစ်ကို တွေ့ရှိသူ ကိုကိုမောင် တစ်ယောက် များများချစ်နိုင်ပါစေ
    ReplyDelete
  7. အကို က အချစ်ကိုတွေ့ရှိသွားပြီပေါ့ဟုတ်လား
    မိုက်တယ်ဗျာ အဆင်ပြေပျော်ရွှင်ပါစေ
    ReplyDelete
  8. အိုး တကယ်ကိုတွေ့ သွားပြီပေါ့။ အဆင်ပြေပါစေနော်။ :)
    ReplyDelete
  9. တကယ်တွေ့သွားပြီလားဗျ...
    ကဲ..ကိုယ့်သူငယ်ချင်း အချစ်နဲ့ ပျော်ရွှင်ပါစေဗျာ
    ReplyDelete
  10. တကယ်တွေ့တာလား..အချစ်စစ်နော်...
    ဟုတ်ရဲ့လားး အကို....
    ReplyDelete
  11. အချစ်စစ် ဖြစ်ပါစေ ...........
    ReplyDelete
  12. တကယ်ချစ်ခဲ့တာနော် ...
    ရင်ခုန်သံ လှိုင်းနဲ့ အမျှပေါ့
    သစ္စာဆို ပေါင်းရစေလို ...
    (ဒဏ္ဍာရီ သီချင်း)
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။