Wednesday, 13 May 2009
ဆုံးဖြတ်ပေးကြပါ
ကျွန်ုပ်သည်
အသက်ကြီး၏။
ရုပ်ဆိုး၏။
ပိန်၏။
မိဘမရှိ။
ဥစ္စာမရှိ။
စီးပွါးရေးအမြင်မရှိ။
ပညာ(ကျွန်ုပ်အထင်)မရှိ။
တက်တက်ကြွကြွသိပ်မရှိ။
စကားကို အချိုးကျကျ ပြေပြေလည်လည် မပြောတတ်။
သူမသည်
အသက်ငယ်၏။
ရုပ်လှ၏။
မပိန်မ၀ (အနည်းငယ်တော့ အရပ်ပု၏)။
မိဘရှိ၏။
ဥစ္စာအသင့်တင့်ရှိ၏။
စီးပွါးရေး အမြင်ရှိ၏။
ပညာရေးကောင်းမွန်၏။
အရာတိုင်း၌ တက်တက်ကြွကြွရှိ၏။
စကားကို သွက်သွက်လက်လက် ကျစ်ကျစ်လစ်လစ် ပြောတတ်၏။
သို့သော်
ကျွန်ုပ်မှာ အချစ်ရှိ၏။
သူမမှာလည်း အချစ်ရှိ၏။
ထို့ကြောင့်
ကျွန်ုပ်တို့နှစ်ယောက် ချစ်သူဖြစ်သွားကြ၏။
ဤသည်
တရားမျှတပါ၏လော?????
.......
13 comments:
  1. အကို ရေ ချစ်နေဖို.က အဓိကပါဘဲဗျာ...
    အချစ်နဲ. စစ်မှာ အကုန်တရားတယ်...မျှတတယ်
    အချစ်မှာ အရောင်တွေ အဆင်.တွေ ဂုဏ်တွေ
    ခြားနားခြင်းတွေ မရှိပါဘူး...အကိုကံကောင်မူတွေ
    ထာဝရတည်မြဲ ကံကောင်းပါစေ...ချစ်သူနှစ်
    ယောက်သာယာပျော်ရွှင်သော မိသားစုဘ၀လေး
    ပိုင်ဆိုင်ပါစေလို. ဆုတောင်းတယ်အကိုရေ...
    ခင်တဲ.
    ညီလေး
    ReplyDelete
  2. အမ်မယေးးးးး
    ဟုတ်ပဗျာ့
    အချစ်မှာစကားလုံးတွေ
    ပိုက်ပိုက်တွေ အသက်တွေ
    အခောအလှတွေမလိုအပ်ပါဘူး
    အဲတာတွေဟာ မျက်လုံးနဲ့ချစ်နေ
    ကြတာပါ့တကယ်တမ်းအချစ်စစ်
    ကတော့အခု ကိုကိုမောင်တို့ရဲ့အချစ်
    တွေပါပဲ့တန်ဖိုးရှိစွာနဲ့ပိုင်ဆိုင်နေပါပြီ့
    ကဲမောင်မင့်းဘာလိုသေးလဲဗျာ့
    ခင်တဲ့ဖြိုးဇာနည်
    ReplyDelete
  3. မျှတပါတယ်... ကိုယ့်အလှတရားတွေ ကိုယ်ပြန်ရှာ ရေးပါဦး... :-)
    ReplyDelete
  4. အချစ်မှာဘာမှမလိုဘူး...အချစ်ဘဲလိုတယ်..အကို တို့ချစ်သူနှစ်ယောက်ပျော်ရွှင်သောဘဝလေး ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်ပါတယ်အကိုရေ..
    ReplyDelete
  5. အချစ်ရှိနေတာပဲကိုကိုမောင် ကျန်တာတွေကို ဒီခွန်အားနဲ့ ညှိယူပေါ့သယ်ရင်း
    အားလုံး အဆင်ပြေပါစေ.
    ReplyDelete
  6. အချစ်ဆိုတာ ချစ်နေဖို့ ပဲလိုအပ်တာပါ။ ဂုဏ်တွေ ငွေတွေ က အရေးမကြီးဘူးထင်တာပဲ။ သိသလောက်
    ရေးသွားတရ်( တကယ်အများကြီးမသိ)
    4 သွားတရ်
    ခင်မင်ခြင်းနှင့်
    တလနွန်
    ReplyDelete
  7. မျှတပါတယ်ကိုကိုမောင်
    ပျော်ရွှင်ပါစေ
    ReplyDelete
  8. အားပေးသွားပါတယ်ရှင်..
    အမြဲတမ်း မပျက်ယွင်းတဲ့ အချစ်တွေနဲ့ တန်ဖိုးရှိစွာ
    တစ်ဦိးအပေါ်တစ်ဦး ချစ်ခင်လေးစားပြီး အမြန်ဆုံး
    လက်တွဲနိုင်ပါစေ...
    ReplyDelete
  9. တရားတာပေါ့ဗျာ အချစ်ကို ညီမျှ ခြင်းချဖို့ သီအိုရီ မလိုဘူးလို့ထင်တယ်ဗျာ အဓိက ကတော့ တစ်ယောက်နဲ့တစ်ယောက်ချစ်နေဖို့ဘဲလိုတယ်ထင်တယ်
    အဆင်ပြေပျော်ရွှင်ပါစေဗျာ
    ReplyDelete
  10. တရားသော ချစ်ခြင်းမှန်သမျှ အပြစ်ကင်းကြပါတယ်။ အပြစ်ကင်းတဲ့ ချစ်ခြင်းတွေကလဲ တရား မျှတပါတယ်။ အချစ်အကြောင်း မသိသေးတော့ ထင်ရာလေးကို သိသလို ပြောသွားပါတယ်။ ရဲရင့်စွာ ဆက်ချစ်နေပါ။ တရားမျှတပါတယ်။ :D
    ReplyDelete
  11. ဆုတောင်းပေးပါတယ် ..း)
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။