Sunday, 26 April 2009

တွေ့မှသိတယ်

အမှန်တကယ်
အရင်တုန်းက မသိခဲ့ပါဘူး
ကောင်းကင်ကြီးရဲ့  အကြောင်း
သစ်ပင်တွေရဲ့  စိမ်းလန်းစိုပြေမှုအကြောင်း
ပန်းပွင့်တွေရဲ့  အလှအပအကြောင်း။

ဒီအကြောင်းတွေကို ခံစားသိရှိလာခဲ့တာ
မင်းလေးနဲ့တွေ့မှပါ။

နံနက်မိုးသောက်အလင်းရောက်ရင်
စိတ်လှုပ်ရှားစရာနဲ့ဆုံဆည်းချင်ခဲ့တာလဲ
မင်းလေးနဲ့တွေ့မှပါ။

မနက်ဖန်တိုင်း အသက်ရှင်အောင်လုပ်ပေးခဲ့တာလဲ
မင်းလေးပါဘဲ။

ချစ်လွန်းလို့
မင်းလေးကို စိုက်ကြည့်နေရမှာတောင်
နှမြောမိတယ်။

.....

2 comments:

  1. တွေ့နေပီလားအကို..ရ...
    ချစ်လွန်းလို့မင်းလေးကို ဆိုက်ကြည့်ရမှာတောင်
    နှမြောတယ်တဲ့....

    နှမြောဘူး..အနော်တော့ :D

    ReplyDelete
  2. သယ်ရင်းကိုကိုမောင် ခုတော့သိပြီလား ဟီး ၂ စတာပါ အဆင်ပြေပါစေသယ်ရင်း

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။