Thursday, 23 April 2009

ဆက်လျောက်ဆဲ


မိုင်များဘယ်လိုပင်
ဝေးဝေးသွားလည်း
ရင်ခွင်ချင်းအပ်
လက်ထပ်ထားမြဲ။

ခရီးကြမ်းလမ်း
ဆုံရန်ခဲလည်း
အသည်းထဲ မင်းနာမည်
ရေးထွင်းထားဆဲ။

သံသရာလမ်း
ဘယ်လိုပင်ကျရှုံးလည်း
နှလုံးသားရပ်ဝန်းထဲ
မင်းက နေရာယူထားမြဲ။

အချိန်တွေပြောင်း
နေ့နှင့်ညတို့
တစ်လှည့်စီရွှေ့ လည်း
အချစ်တို့တည်နေမြဲ။

သတိရတုန်း
ကွပ်လပ်တို့ ဖြည့်ရင်း
လွမ်းလျက်နဲ့
ငါ.... ဆက်လျောက်နေဆဲ။ ။

.......

4 comments:

  1. ကဗျာလေးကတယ်လန်းပါလား သယ်ရင်း မိုက်တယ်... ဆက်လျောက်ပါ..

    ReplyDelete
  2. ခရီးကြမ်းလမ်း
    ဆုံရန်ခဲလည်း
    အသည်းထဲ မင်းနာမည်
    ရေးထွင်းထားဆဲ။
    ******
    တယ်ဆိုတဲ့စာပါလား....
    အသည်းထဲ..အသည်းထဲ ကြိုက်တယ်စာသားလေး....

    ReplyDelete
  3. ဒီလိုလဲ ဖြစ်တာပဲ
    နှစ်သက်စွာဖတ်သွားပါတယ်

    ပျော်ရွှင်ပါစေ
    လေးစားတယ်

    ReplyDelete
  4. wow...သတိရတုန်း ကွက်လပ်ဖြည့်ရင်းနဲ့ လွမ်းနေတယ်ပေါ့လေ.. ဟုတ်လား.. :P

    ကဗျာလေးက တော်တော်လန်းတယ် ဦးဦးရေ...

    ဦးမောင်က ဒါလည်းရတာပဲနော်.. တော်လိုက်တာ...
    :)
    ဟဲဟဲမြှောက်ပြောနေပြိ သတိထား.. မုန့်ဝယ်ကျွေးရတော့မယ်နဲ့ တူပါ့.. :)

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။