Monday, 23 February 2009

မျက်လုံးသက်သေ

အလွမ်းဝန်ထုပ်တွေ တနင့်တပိုးနဲ့
နှစ်ပါးသွားမြိုင်ထ ကအပြီးမှာ
နောက်ပိုင်း ကဇာတ်ကို ကြိုးမရုပ်နိုင်ဘဲ
ကြိုးရှုပ်နေခဲ့ပြီလား။


မိုးချုပ်နေ၀င် ကြယ်လေးတွေ အကမှာ
တကယ်ဝေးရမယ်ဆိုတဲ့ အသိကြောင့်
တကယ်ဆွေးနေရပြီထင့်
ရင်နင့်အောင် ခံစားရပေမဲ့
အဆင်သင့်အောင်တော့ ပြောတတ်တယ်
ရင်ခွင့်နန်းတော်နှလုံးသားထဲ
သူ့ကို မထားတော့ပါဘူး တဲ့။


မအားမလပ် အချိန်လေးမှာတောင်
တစ်မောင်မောင်နဲ့ နှုတ်ဆက်
ရုတ်တရက် အလွမ်းမိုးရိပ်ဆင်
တသွင်သွင်ရွာသွန်းဖြိုးမဲ့ မြမျက်ရည်
ဣနြေ္ဒဆည်ကာ ကြိုးစားမျိုသိပ်
ရိုးသားတဲ့ အရိပ်အယောင်တော့ မင်းဆီမှာတွေ့ရတယ်။


နိုးကြားမှု အတိတ်သမိုင်းကြောင်းကို
စာလုံးပေါင်းပြီး လှစ်ကာပြ
အချစ်တွေ ခ၀ါချလိုက်ချင်ပြီတဲ့။


အဖြစ်က မနှစ်ကလို မဟုတ်တော့ဘူးဆိုပေမဲ့
ဖြစ်သမျှအကြောင်း အကောင်းချည်းပါဘဲ
အဟောင်းကိုဘဲ တမ်းတမဆုံး
မျက်လုံးဆိုတာ နှလုံးသားရဲ့  မှန်သားပြင်
မယုံရင် ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်အုံး
မင်း မျက်လုံးထဲမှာ အဖြေရှိနေတယ်။


3 comments:

  1. ကောင်မလေးနဲ့
    မျက်နှာချင်းဆိုင်တွေ့ဖြစ်မှ
    မျက်လုံးထဲ အဖြေရှာကြည့်မယ်။
    အိုကေမယ် ထင်ပါတယ်။

    ReplyDelete
  2. မျက်လုံးထဲကို ဖြေရှာကြည့်အုံးမယ် ကိုကိုမောင်

    ReplyDelete
  3. ရင်ခွင့်နန်းတော်နှလလုံးသားထဲ မထားခဲ့ပါဘူးတဲ့ ဆိုတော့ ..။
    ဘယ်လိုပဲဖြစ်2 ကိုဝင်းဇော်ပြောသလိုပဲ ပြောလိုက်တယ်နော့ ။မျက်လုံးလေးတွေဆုံတဲ့အခါ အဖြေရှာနိုင်ကြပါစေ

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။