Tuesday, 3 February 2009

နှစ်ဦးသဘောတူ


နှစ်ဦးသဘောတူ

ကြည်ဖြူစွာလျောက်လှမ်း

မောပန်းစရာ အခက်အခဲ

ဘယ်လောက်ဘဲ ကြုံဆုံပါစေ

လက်တွဲမဖြုတ်ကြေးနော်။



အချစ်စစ်ရဲ့ မေတ္တာရိပ်အောက်

မကြောက်မရွံ နောက်မတွန့်ဘဲ

ရဲဝံ့စွန့်စား

ခါးသက်မှုတွေဖယ်ခွါပြီး

ကြင်နာစွာဖေးမကြမယ်။



မသေခင် ဘ၀တစ်ခုလုံး

အဆုံးမရှိတဲ့လှေငယ်လေး အတူတူလှော်ရင်း

အချင်းချင်း အချစ်ရေစင်ကို

ကြင်နာစွာ သောက်သုံး

အမုန်းဆိုတာ မေ့ထားစို့။



စကားလေးတွေကြမ်းတဲ့ခါ

အမူအရာလေးတွေလွဲတဲ့ခါ

သဘောထားလေးတွေကွဲတဲ့ခါ

ရန်ဖြစ်နေကြတဲ့ခါ

ဝေးနေကြတဲ့ခါ

လွမ်းနေကြတဲ့ခါ...



မာနတွေဖယ်ပါ

ပိုကြင်နာပါ

ဒါမှ

ဘ၀လှပမှာ။



4 comments:

  1. ကဗျာလေးဖတ်ပြီး အားကျ အတုယူသွားပါတယ်။း)
    ပျော်ရွှင် အောင်မြင်တဲ့ ဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေ။

    ReplyDelete
  2. ချစ်တာ လွမ်းတာ ဆွေးတာ မပါတဲ့
    ချစ်သူနှစ်ဦး ဖေးမကြင်နာစေတဲ့ ကဗျာလေးကို ဖတ်သွားပါတယ်။

    ReplyDelete
  3. သိပ်လှတဲ့ နှစ်လိုဖွယ် ကဗျာလေးကို
    ကြိုက်သွားတယ်။

    ReplyDelete
  4. ရေးထားတာ အရမ်းလှပတဲ့ကဗျာလေးပါ ...

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။