Tuesday, 20 January 2009

မေတ္တာပန်းတွေ ပွင့်ပါစေ



ဗိုလ်ရှုသဘင် ဆင်ယင်ကျင်းပ
ဟို.. အတိတ်က သမိုင်းစာမျက်နှာမှာ
မြန်မာအချင်းချင်း ရိုင်းပင်းကူညီ
တူညီတဲ့ စိတ်ဓါတ်တွေနဲ့။

တစ်ဗိုလ်ကျ တစ်ဗိုလ်တက်
အသက်ကို ဖက်နှင့်ထုပ်
မိုးချုပ်နေထွက်
တိုင်းပြည်အတွက် အသက်ကိုစတေးလို့။

အောင်ပွဲရ စစ်သည်တွေကို
အောင် ကြွေးကြော်သံတွေလှိုင်ပြီး
အောင်မြင်စွာ အပြန်လမ်းမှာ
အောင်သပြေပန်းတွေနဲ့
လက်ကမ်းလို့ ကြိုနေကြလေရဲ့ ။

ဗိုလ်ရှုသဘင်ကို တမ်းတ
မှန်းဆလို့ တောင်းဆုပြုတုန်း
အုန်းအုန်းကျက်ကျက် အသံထွက်
ဘာအတွက်လဲ မေးကြည့်တော့
ဟိုးလေးတကျော်သတင်း
စကြာဝတေးမင်းပေါ်လို့တဲ့။

အင်းကောင်းတစ်ကွက်
ဆေးကောင်းတစ်စက်
ဂါထာကောင်းတစ်ချက်
ဘယ်အချက် ဘယ်အကွက်
ဘယ်အစက်နဲ့ ညှိလေသလဲမသိ။

ဒီနေ့ဒီရက်
ဘလက်လူမျိုးတစ်ယောက်တော့
အစဉ်အလာကိုဖောက်ပြီး
၄၄ ယောက်မြောက် အမေရိကားမှာ
ထူးခြားစွာ သမတဖြစ်သွားပြီ
နာမအမည်ကတော့ ဘာရက် အိုဘားမား

ထင်ပေါ်လို့ စင်တော်ကကောက်
သူတစ်ယောက်ရဲ့  သီအိုရီက
တူညီမေတ္တာတွေ ပက်ဖျန်း
ငြိမ်းချမ်းရေးမဏ္ဍိုင်ကို အခြေပြု
ရာစုနှစ်အသစ်ကို စတင်မယ်တဲ့။

ကောင်းလိုက်တဲ့ သစ္စာ သန္နိဋ္ဌာန်
အဓိဋ္ဌာန်ကာ ကျနော်လဲ ဆုတောင်း
ဘေးဘယာတွေ ဝေးစေကြောင်း
ဆွေးကမ္ဘာတွေ အေးစေကြောင်း
အေးမေတ္တာတွေ မွှေးစေကြောင်း။

2 comments:

  1. CNN ကနေတိုက်ရိုက်လွှင့်တာ ကြည့်ဖြစ်တယ်။

    ReplyDelete
  2. လူတော်တစ်ယောက်ဖြစ်မှာပါ
    ပထမဆုံးလူမည်းသမ္မတပဲလား
    ဗမာပြည်အပေါ် အကောင်းမြင်ပါ့မလား

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။