Thursday, 1 January 2009

နှစ်သစ်ကို တမ်းတခြင်း


သီချင်းဆိုသံတွေက နှစ်သစ်လား
ဗျောက်အိုးဖောက်သံတွေက နှစ်သစ်လား
ပျော်မြူးသံက နှစ်သစ်လား
ဘီယာသောက်ခြင်းက နှစ်သစ်လား
ဝိုင်းစုပြီးဝိုင်သောက်ကြခြင်းက နှစ်သစ်လား
နှစ်ကိုယ်တူကြည်နူးခြင်းက နှစ်သစ်လား
နှစ်ကိုယ်လမ်းခွဲခြင်းက နှစ်သစ်လား

ည ၁၂ နာရီထိ မအိပ်ဘဲနေခြင်းက နှစ်သစ်လား
အချင်းချင်းဆုတောင်းပေးခြင်းက နှစ်သစ်လား
အကုသိုလ်နဲ့ အဆုံးသတ် ကုသိုလ်နဲ့ စတင်တာ နှစ်သစ်လား
အေးမြခြင်းက နှစ်သစ်လား
စောင်ခြုံထားရခြင်းက နှစ်သစ်လား

နှစ်သစ်ကို ဘယ်လိုဖွင့်ဖွင့်
ရွက်လွင့်ခဲ့တဲ့ သံသရာခရီးကို
နှမြောတမ်းတရင်း
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့
နှစ်သစ်...နှစ်သစ်တွေကို
အငမ်းမရ
တမ်းတမျှော်လင့်နေမိတယ်။



3 comments:

  1. နှစ်သစ်မှာ
    ပျော်ရွှင်နိုင်ပါစေ
    လှပတဲ့နေ့တွေ ပိုင်ဆိုင်နိုင်ပါစေ

    http://winzaw-mdy.blogspot.com

    ReplyDelete
  2. "When you're lonely, I wish you Love!
    When you're down, I wish you Joy!
    When you're troubled, I wish you Peace!
    When things seem empty, I wish you Hope!
    Have a Happy New Year!"

    ReplyDelete
  3. မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ..
    အေးချမ်းပျော်ရွှင်ပါစေ

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။