Saturday 30 May 2015

နှုတ်ခမ်းနှင့်သွား

ရှေးဆိုရိုးစကားတွေ ပြောင်းသင့်ရင် ပြောင်းပစ်ရမယ်။
သူကြီးကတော့ ပြောင်းလိုက်ပြီ။

"လင်နှင့်မယား လျာနှင့်သွား" ဆိုတဲ့ ဆိုရိုးစကားဟာ သူကြီးအတွက်တော့ မှားတယ်။

အမှန်က

"လင်နှင့်မယား နှုတ်ခမ်းနှင့်သွား"

အဲဒါ နှုတ်ခမ်း သွေးတွေ။
မကြာမကြာ ကိုက်မိပြီး အဲဒီလို ဖြစ်နေကျ။

ငန်ကျိကျိ စပ်သပ်သပ်နဲ့ နေရခက်ပါ့။

Friday 29 May 2015

လှမ်းမျှော်


၁။
ဆုပ်လည်း စူး စားလည်း ရူး
ရှေ့ တိုး ထမ်းပိုး နောက်ဆုတ် လှည်းထုပ်။

၂။
ဝေလည်း မွှေး ကြွေလဲ မွှေး
ဘယ်သူသေသေ ငတေမာရင် ပြီးရော။

၃။
သူငယ်ချင်းလို့ဘဲ ဆက်၍ ခေါ်မည် ခိုင်။

.
မှတ်ချက်
စကားပုံ ဇာတ်ကားအမည် 
စာအုပ်အမည် ဖန်တီးသူများအား 
ခရက်ဒစ်ပေးပါ၏။

.

Tuesday 26 May 2015

ပွင့်ပါ


ပွင့်ပါ
ဖြူဖြူစင်စင်ပွင့်ပါ။

ပွင့်ပါ
ပင်လုံးကျွတ်ပွင့်ပါ။

ပွင့်ပါ
မြင်သာထင်သာပွင့်ပါ။

ပွင့်ပါ
လွတ်လွတ်လပ်လပ်ပွင့်ပါ။

ပွင့်ပါ
လှလှပပပွင့်ပါ။

ပွင့်ပါ
ရဲရဲဝံ့ဝံ့ပွင့်ပါ။

ပွင့်ပါ
ယုံယုံကြည်ကြည်ပွင့်ပါ။

ပွင့်ပါ
ဖြောင့်ဖြောင့်မတ်မတ်ပွင့်ပါ။

ပွင့်ပါ...

ပွင့်ကြပါ....

ကိုယ့်ရဲ့နှင်းဆီ
ကိုယ်ယုံကြည်က
ပီပြင်စွာသာ
ပွင့်ကြပါလေ။

Saturday 2 May 2015

မင်းသမီးလေးရဲ့ မင်းသမီးလေး


ဒီနေ့ ၁၃၇၇ ခုနှစ် ကဆုန်လပြည့် (၀၂၊၀၅၊၂၀၁၅) စနေနေ့။ ဗုဒ္ဓနေ့။
ဗုဒ္ဓနေ့အကြောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လဲ ဗုဒ္ဓနေ့ကြီးဆိုတော့ ဗုဒ္ဓနေ့အကြောင်းလေးနဲ့တော့ ဆက်စပ်ပေသပေါ့။ ဖွားမြင်ဖြစ်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်လပြည့်..ဆိုပြီး ငယ်စဉ်ကထဲက မှတ်မိနေခဲ့တယ်။ ဒီကဆုန်လပြည့်နေ့ဟာ ဂေါတမဘုရားရှင်ရဲ့ ဘ၀တစ်လျှောက် ထူးခြားခဲ့တဲ့ နေ့ထူးနေ့မြတ်ကြီးဘဲမဟုတ်လား။ ဖွားမြင်ခဲ့တာလဲ ဒီကဆုန်လပြည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့တာလဲ ဒီကဆုန်လပြည့်နေ့၊ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့တာလဲ ဒီကဆုန်လပြည့်နေ့၊ ပြီးတော့ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်က ဒီပင်္ကရာမြတ်စွာဘုရားရှေ့မှောက် ဘုရားဖြစ်ဖို့ရာ ဗျာဒိတ်ခံတော်မူခဲ့တာလဲ ဒီကဆုန်လပြည့်နေ့။ ဒီတော့ ပုဂ္ဂိုလ်ထူးတွေရဲ့ ထူးခြားတဲ့ နေ့ကောင်းရက်မြတ်ကြီးဘဲ မဟုတ်လား။

 " It is a Girl"

ဟော.. ပုဂ္ဂိုလ်ထူးတွေ ဖြစ်ပေါ်လာရာ ဒီကဆုန်လပြည့်နေ့မှာ မင်းသားဝီလျံနှင့်မင်းသမီးကိတ်တို့ ဇနီးမောင်နှံအတွက် နောက်ထပ် ရင်သွေးလေးတစ်ယောက်ကို ဒီနေ့မနက် ၈ နာရီ ၃၄ မိနစ်အချိန်မှာ  မွေးဖွားပေးလိုက်ပြန်ပါပြီ။ မိန်းခလေးလေးပါ။ သူတို့အတွက် ဒုတိယမြောက် ကလေးလေးပါ။ လန်ဒန်မြို့လယ်က စိန့်မေရီဆေးရုံမှာ မွေးဖွားခဲ့တာပါ။ အလေးချိန် 8lbs 3oz (3.7kg) ရှိပါတယ်။ နန်းပလ္လင်အတွက် တန်းစီနေတဲ့ သူတွေစာရင်းထဲမှာ လေးယောက်မြောက်ပါ။ ဘုရင်မကြီးရဲ့ နန်းပလ္လင် နေရာကို တန်းစီနေသူတွေကတော့ သူမရဲ့ဘိုးဘိုး မင်းသားချားလ်၊ သူမရဲ့ ဖေဖေ မင်းသားဝီလျံ နှင့် သူမရဲ့အကို မင်းသားဂျော့ဂ်ျကိုယ်တိုင်ပါဘဲ။ 

ပထမကလေးက ယောက်ျားလေးဆိုတော့ ဂျော့ဂ်ျလို့ နာမည်ပေးထားခဲ့တယ်။ ဂျော့ဂ်ျကိုလဲ အဲဒီ စိန့်မေရီဆေးရုံမှာဘဲ မွေးဖွားခဲ့တာပါ။ အခု မိန်းခလေးဆိုတော့ ဘယ်လိုနာမည်ပေးမလဲတော့ မသိဘူး။ ဒါပေမဲ့ အင်္ဂလိပ်တွေ ထုံးစံအတိုင်း နာမည်အတွက် အလောင်းအစားလေးတွေတော့ ပေါ်လာနေပါပြီ။ Alice လို့ပေးမလား  Charlotte လို့ ပေးမလား Vitoria လို့ ပေးမလား Elizabeth လို့ပေးမလား Diana လို့ပေးမလားဆိုပြီး စသဖြင့်ပေါ့။ 
((Coral is still betting on the name of the baby, with Alice the clear favourite at 5-4. Charlotte is the 5-2 second favourite, ahead of Elizabeth at 5-1, while Victoria has been backed into 6-1 from 10-1. (Mirror))).

ဘီဘီစီသတင်း ဘီဘီစီဝက်ပေ့ဂ်ျတွေမှာလဲ သူတို့အကြောင်းတွေ ဆက်တိုက် တင်ဆက်ပေးနေကြတယ်။ ဘုန်းကံကြီးမားသူဆိုတော့ လူမဖြစ်ခင်ကတည်းက ကမ္ဘာကျော်နေလေပြီ။ ဘုန်းကံ ကြီးပေမပေါ့။ ဒီကလေးမလေးကို ကိုယ်ဝန်စတည်တာကလဲ တကယ့် လပြည့်နေ့ကြီးကိုး။

၁၃၇၆ ခု တော်သလင်းလပြည့်နေ့  (၀၈၊ ၀၉ ၊ ၂၀၁၄) တနင်္လာနေ့ (ဂရုဓမ္မအခါတော်နေ့)မှာ ကိုယ်တည်ပြီး ဟော အခု တကယ့်နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေကြီးမှာ မွေးဖွားခဲ့တယ်ဆိုတော့ ကလေးမလေးရဲ့ ဘုန်းကံကို စဉ်းစားသာ ကြည့်ကြပေတော့။ ဒီကလေးမလေးရဲ့ ဘုန်းလဲ မိုးသို့ချုန်းဦးမှာပါဘဲ။ 

အားပေးကြသူ ပရိသတ်လူထုကြီးကတော့ ဆေးရုံအနီး ၀န်းရံလို့။ ဘက်ကင်ဟမ်နန်းတော်အနီး စုရုံုးလို့။ သတင်းသမားတွေကလဲ တိုက်ရိုက်လွှင့်။ ပြီးတော့ စောင့်မျှော်ပေဦးတော့ တဖွဲဖွဲ ရောက်လာကြမဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ကွန်ဂရက်ကျူးလေးရှင်းတွေ။

သူကြီးမင်းလဲ ကွန်ဂရက်ကျူလေးရှင်းပါ။
....

သူတို့အကြောင်း ဆက်လက် ဖတ်ချင်သေးရင်...