Monday 29 October 2012

သီတင်းကျွတ်လက်ဆောင်

"မိဖြူရယ်"
***
ဈေးနားက အပြန်
ဒို့မောင်နှံ အတူတူကြိုက်ဖို့
မောင် ကိုက်ချီပေး။

လမ်းအငူဆီက
မိဖြူကို မောင်မြင်တော့
သူ့လင်ငယ် အောင်ဘုရယ်နဲ့
ရင်ထုနာသေး။




.
ကဗျာသံယောင်လိုက်။
ဆရာမင်းသုဝဏ်ရဲ့ နှင်းဆီပွင့်ကဗျား)))


.

Wednesday 24 October 2012

ရယ်တတ်ဖို့ပါ


 အဖော်မပါ
ပျော်စရာက ရှား။

တော်ရာမှာ
ဖော်မရှာ ဒီလိုကြည့်တယ်
ညဥ့်ထိအောင် ဟား။


 ၂၀၁၂ အပိုင်း (၁)



 ၂၀၁၂ အပိုင်း (၂)


  ၂၀၁၂ အပိုင်း (၃)


  ၂၀၁၂ အပိုင်း (၄)



  ၂၀၁၂ အပိုင်း (၅)



  ၂၀၁၂ အပိုင်း (၆)





.

Monday 15 October 2012

"ကျောင်းအပ်ပွဲ" တဲ့

မုဒိတာကျောင်းအပ်ပွဲတဲ့။ သွားလိုက်ကြဦးနော်။ ပျော်ပျော်ပါးပါးပေါ့။ ဒီကျောင်းအပ်ပွဲကိုမန်မာမုဒိတာ လူငယ်များအဖွဲ့ ဘလော့ကနေ ကူးယူလာတာ။ ပြည်ပက အလှူရှင်တွေအနေနဲ့ ကျောင်းအပ်ပွဲနေ့မှာ သာဓု တစ်လုံးတစ်ဝကြီး ခေါ်နိုင်ပါတယ်။ ပြည်တွင်းက အလှူရှင် စေတနာရှင်တွေအနေနဲ့ကတော့ ကိုယ်တိုင် သွားရောက်ပြီး ကျောင်းရေစက်ချပွဲ ဆင်နွှဲနိုင်ကြပါတယ်။ မုဒိတာရဲ့ အသီးအပွင့်လေးတွေပေါ့။ ၀မ်းသာကြည်နူးဖို့ကောင်းပါတယ်။ကားမစပ်။ ဘလော့ပေါ် ပျောက်နေပေမဲ့ စာတွေ မဖတ်ဖူးလို့တော့ မထင်စေချင်ဘူး။ ဖတ်နေကျ ဘလော့တွေရဲ့ ပို့စ်အသစ် အတော်များများကို ကသုတ်ကယက် ခပ်သွက်သွက်တော့ ဖတ်ဖြစ်ပါသေးတယ်။ ကိုယ် မအားတာထက် စိတ်မအားတာက ပို မအားသလို ဖြစ်နေပါ၍။ ။
... 
 
ကျောင်းအပ်ပွဲ

အားလုံးမင်္ဂလာပါ..
မတွေ့တာကြာတော့ မုဒိတာရဲ့ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်သွားတာတောင် နည်းနည်းကြာသွားပြီ။ကျွန်တော်တို့ရဲ့ နိုင်ငံတကာမှ အလှုရှင်များ၏ စုပေါင်းလှုဒါန်းမှုဖြင့် (29.8.2012)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သော သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်း ကျောင်းဆောင် ဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်တာကြောင့် အခုလာမဲ့ တနင်္ဂနွေနေ့မှာ ကျောင်းဆောင်အား ရေစက်ချပြီး ဆရာတော်အား အပ်နှံတော့မှာ ဖြစ်ပါတယ်။အစီအစဉ်ကို အောက်မှာ ဆက်လက် ဖတ်ရှုပါခင်ဗျား..





အခုလာမဲ့ တနင်္ဂနွေနေ့မနက် ( ၉း၃၀ ) အချိန်တွင် ရန်ကုန်မြို့မှ ထွက်ခွာမှာ ဖြစ်ပြီး ကျောင်းရှိ သဃာင်္တော်များ၏ နေ့ဆွမ်းအချိန်အမှီ သွားရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားရောက်ရှိနေတဲ့ အလှုရှင်များကိုယ်စား မြန်မာနိုင်ငံမှ မိသားစုဝင်တွေလိုက်ပါပြီး ကိုယ်တိုင်ရေစက်ချနိုင်အောင်လည်း စီစဉ်ပေး ထားပါတယ်။လိုက်ပါမည့် ပရိတ်သတ်အရေအတွက်ကိုကြည့်ပြီး သင့်တော်မည့် ခရီးသည်ယာဉ်ကို စီစဉ်မှာဖြစ်တဲ့အတွက် မိမိတို့ကိုယ်တိုင် ရေစက်ချ လှုဒါန်းလိုတဲ့ မည်သူမဆို  အောက်ပါ ဖုံးနံပါတ်များသို့ဆက်သွယ်ပြီး (၁၉.၁၀.၂၀၁၂-သောကြာ) ရက်နေ့နောက်ဆုံးထားပြီး စာရင်းပေးကြပါရန် -လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်..။

၁။ကိုကျော်စွာစိုးမြတ် - 094 210 598 27  ၊ ( andrew189kc@gmail.com)
၂။ဒေါ်အိအိစိုး- 095 152 463 ၊ (
ei.soe64@gmail.com )
၃။အဘီး - 094 200 874 35 ၊ ( phoeheadphyu@gmail.com )


မြို့နယ်သံဃာ့နာယကဆရာတော်နှင့် ကျောင်းရှိသံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်မှာဖြစ်ပြီး လိုက်ပါမည့် မုဒိတာအဖွဲ့သားများ၊ အလှုရှင်များ နှင့် ကျောင်းရှိ
စာသင်သားကလေငယ်များအား နေ့လည်စာဖြင့် ဧည့်ခံမှာ ဖြစ်ပါတယ်ခင်ဗျား..။
 (၁)
(၂)

  (၃)
(၄)
 (၅)

 ပန်းကလေးများ ပွင့်တော့မည်..
လေးစားစွာဖြင့်
မြန်မာမုဒိတာလူငယ်များအဖွဲ့ ( M.M.Y.G) ကိုယ်စား
ကိုရင်
07:56 (GMT) 

.

Tuesday 2 October 2012

အလုပ်တစ်ခြား တစ်ခြားအလုပ်



နာရီများစွာ စာတွေကြည့်တော့
ပျင်းဇာတိက ပြလာတယ်။
မျက်စိညောင်းကာ ခေါင်းတွေကိုက်လို့
ရွှေဗိုက်ကလဲ နာလှတယ်။
ဇက်ကြောတက်ကာ ဂုတ်တွေလေးတော့
ကုတ်ကုတ်လေးဘဲ ကွေးချင်တယ်။
 ထုံကျင်ကိုက်ခဲ၊ အဖြစ်သဲ၊ စိတ်ဇွဲ အဲလိုကြွယ်။
အဲဒါကြောင့် ဒုက္ခသုက္ခ တုပ်ကွရောဂါတွယ်။


 ခါးကြောတင်းကာ ဒူးတွေကိုက်တော့
မူးဝေမိုက်လို့ အံချင်တယ်။
ဆီးဝမ်းချုပ်ကာ အထိုင်များလို့
ခြေလက်ဖျားတွေ အေးလာတယ်။
ဦးဏှောက်ရွှင်အောင် ကော်ဖီသောက်တော့
တွင်တွင်ပေါက်လို့ စိတ်ညစ်တယ်။
ကျမ်းစာတွေရေး၊ မပြီးသေး၊ ပူဆွေးဗျာပါကြွယ်။
အဲဒါကြောင့် ဖယ်ကြတွယ်ကြ ကယ်မပါဦးကွယ်။


စာကြည့်တိုက်ကို နေ့စဉ်သွားတော့
မီးရထားခ ဈေးကြီးတယ်။
အိမ်မှာနေကာ စာတွေကျက်ဖို့
အင်တာနက်ကို အားကိုးတယ်။
ကွန်ပျူတာကို ဖွင့်ကာလှစ်တော့
ပို့စ်အသစ်တွေ တွေ့ရတယ်။
ကျမ်းစာကိုထား၊ ဘလော့သွား၊ ဖတ်အား အဲလိုကြွယ်။
အဲဒါကြောင့် မလျော့မပေါ့ ဘလော့ ချစ်ကြိုးတွယ်။
....


 
အပို လက်ဆောင်။

မနေ့(၁.၉.၂၀၁၂)က အသိတစ်ယောက် မွေးနေ့မှာ ကြက်ဖုတ် (ကြက်မီးကင်) ကျွေးချင်တယ်ဆိုလို့ နန်ဒို(စ်) ဆိုတဲ့ ကြက်ဖုတ်ဆိုင်ကို ချီတက်ခဲ့ကြတယ်။ တစ်ခြားကိစ္စတွေမှာ မအားဘူးလို့ ငြင်းပယ်လို့ အဆင်ပြေပေမဲ့ ဒါမျိုးကိစ္စကျတော့ ငြင်းပယ်လို့ မကောင်းဘူးလေ။ အားနာစရာကြီး။း)


အာဖရိကကလား ပေါ်တူဂီကလား မပြောတတ်။ မြေအိုးအလုံးကြီးတွေ။ အလှ တင်ထားကြတာ။

ဒါကလဲ သစ်သားစတွေကို ကော်နဲ့ ကပ်ပြီး ၀ိုင်းဝိုင်းကြီး ဖြစ်နေဟန်တူရဲ့။ ဘာကို ကိုယ်စားပြုမှန်းတော့ မပြောတတ်။ စားပွဲရှေ့တည့်တည့်မို့ ရိုက်ခဲ့တယ်။
 

ဆော့စ်မျိုးစုံ ချဉ် ငန် စပ်

 

ကြက်ဖုတ်ခေါ် ကြက်မီးကင်။ အတော်လေး ခါးသက်သက် နိုင်တယ်။ ဒါပေမဲ့ စားလို့တော့ ကောင်းသား။
 

 


ဓါတ်ပုံလေး ကောင်းကောင်း ရိုက်ပရစေဦး ပြောပေမဲ့ မရဘူး။ အတင်း အဓမ္မဖြစ်နေကြတယ်။ လက်တွေ ရှုပ်ယှက်ခတ်လို့။


စားပြီး သောက်ပြီးတော့ စားပွဲပေါ်မှာ အရိုးတွေကို ပုံလို့။ ကြည့်မကောင်းလို့ ဓါတ်ပုံ မရိုက်ခဲ့တော့ဘူး။
ပြောရဦးမယ်။ အဲဒီ ကြက်ကင်ဆိုင်ကို အိမ်ရှင် အဘိုးအိုကြီးကိုလဲ ဖိတ်ကြားခဲ့တယ်။ စားပြီးလို့ ပြန်မယ်လုပ်တော့ အဘိုးအိုက လက်ကျန်လေးကို ပါဆယ် ထုတ်ချင်တယ်ဆိုပြီး ဆိုင်မှာ ပါဆယ်အိတ် တောင်းတယ်။ ပြီးတော့ စားပွဲပေါ်ရှိသမျှ ကြက်ရိုးတွေ တစ်ခုမကျန် ပါဆယ်အိတ်ထဲ တည့်ယူလာခဲ့တယ်။ ဘေးစားပွဲကလူတွေကတော့ ငဲ့စောင်းငဲ့စောင်းနဲ့ ကြည့်ကျန်ရစ်ခဲ့ကြလေရဲ့။ အဘိုးအိုကို ဘာလုပ်ဖို့ အရိုးတွေ ပါဆယ်ယူရတာလဲ မေးကြည့်တော့ မြေခွေးစာကျွေးဖို့တဲ့။ အံ့ရော။ ဒါပေမဲ့ ဒါလဲ ယူတတ်ရင်ကုသိုလ်ဘဲပေါ့။ မဟုတ်လား။ ။

.