Monday 31 August 2009

နင်နေတယ်ဆိုလို့...


ချစ်သူကပြောတယ်
ပြောမထွက်သမျှစကားတွေ
အကြိမ်ကြိမ်ဝါးမျိုရင်း
လည်ပင်းမှာ နင်နေသလိုလို တဲ့။


မြိုမချဘဲ ဖွင့်ကာလှစ်ဟ
ဖြစ်သမျှ ကျိုးကြောင်းကို
မီးမောင်းထိုးပြပါလားဆိုတော့
တိုလှတဲ့ ဘ၀လေးထဲ
ငရဲရမှာ ကြောက်ပြန်သတဲ့။


ဘယ်လို.. ဘယ်လို.. ဘယ်လို
ဟန်မပို မာန်ချိုချို မေးမိပြန်တော့
မျို... မျိုချရတဲ့စကားဟာ
တစ်ခြားလူအတွက်မဟုတ်ပေဘူး
သူရည်စူးညွန်းဆိုတာက
အင်္ဂါမင်းသမီး သူ့အဆွေ
သူ့အမေ ကိုယ်တိုင်ကိုဘဲတဲ့။


ကဲ.. ကဲ.. ကဲ
ကျွန်ုပ်ဘာပြောသင့်သလဲ ??????

..........

Saturday 29 August 2009

အင်္ဂါဖွားပေမို့ ...


အင်္ဂါနေ့မှာ ဖွားတော့
အင်္ဂါသားပေါ့
အမေ့သား ကျေနပ်ပါတယ်။


ဒါပေမဲ့
ချစ်သူရဲ့ မထင်မှတ်တဲ့ စကားက
အင်္ဂါဖွားမို့
စဉ်းစားရလိမ့်မယ်တဲ့။


အချစ်ကို ပြက္ခဒိန်နဲ့ထုဆစ်
ရာစုနှစ်က အယူသည်းမှုတွေနဲ့
အပူမီးပွါးမှာ ကြောက်ပြန်သတဲ့။


စက္ကန့် မိနစ် နာရီ
ရာသီခွင် အတက်အကျကို
ရက် လ နှစ် စန်းလဂ်အယှဉ်လုပ်တဲ့
ဗေဒင်ဆရာတွေကို စိတ်နာမိတယ်။


အတိတ်ကို
တစ်ဆိတ်လောက်သွားရရင်တော့
အမေ့သားကို သန္ဓေပြန်ယူ
ချစ်သူကြိုက်မဲ့ နေ့အထူးလေးမှာ
တကူးတက ပြန်မွေးပေးပါလား အမေ။

.......

Monday 24 August 2009

ဒါမှဒါပါ


ရုက္ခဗေဒမြိုင်နန်းမှာ
ပန်းပေါင်းစုံဖူးပွင့်
ငွါးငွါးစွင့်စွင့်
ကြွားကြွားဝင့်ဝင့်။


နှင်းဆီ သဇင် သစ်ခွ
ဒေါန မြလေး ကြာပဒုမ္မာ
ခတ္တာ ခွါညို စံပယ် ကြက်ရုံး
မုန်းရက်စရာမရှိပေဘူး။


ဒါပေမဲ့.....
သံသယအပူနဲ့
သောကတွေ မယူစေချင်ဘူး။


တကယ်ဆို..
ကိုယ့်အတွက်က
ပိတောက်တစ်ခက်ဆို လုံလောက်ပြီ။ ။

....

Sunday 23 August 2009

လိပ်.... သိပ်စိတ်ညစ်ချင်စရာ


မာရသွန်ရဲ့ ဘုံနန်းမှာ
ကိုရွှေလိပ်က စံဝင်လို့
ရာဇ၀င်စကားတစ်လုံးရှိခဲ့တယ်
လိပ်လိုကျင့်တဲ့။


တစ်ဘက်သာကြည့်ပြီး
ကိုယ့်ဘက်ယက်တဲ့သူတွေကို
လူတွေပြောစမှတ်ပြုခဲ့ကြတယ်
လိပ်မျိုးတဲ့။


ကဲဗျာ..
ကိုရွှေလိပ်တစ်ယောက်
ဂုဏ်မြောက်ရမှာလား
ဂုဏ်ပျောက်ရမှာလား။

.......

Saturday 22 August 2009

ကိုကိုမောင့်အပြော လောလောလတ်လတ်


ကျေးဇူးတင်နေမိတာက
အင်တာနက်ကွန်ယက်ကြီးကို တကယ်ကျေးဇူးတင်တယ်။ စာတွေရေးဖြစ်အောင် ကူညီတယ်။ စာတွေဖတ်ဖြစ်အောင် ဖေးမတယ်။ မိတ်ဆွေတွေ အများကြီး တွေ့ရတယ်။ ချစ်သူစစ်စစ်ရအောင် ဆောင်ရွက်ပေးတယ်။

ခံစားနေရတာက
အထိုင်များလို့ ဒူးညောင်း ခါးညောင်း ခါးပူ ခေါင်းညီစီစီ။ အိပ်ရေးပျက်လို့ မျက်စိခပ်စပ်စပ်ဖြစ်တဲ့ ဝေဒနာ။
အဲဒါလေးတွေ ခံစားနေရတယ်။

တွေးနေတာက

ဝက်ဘ်ဆိုက်တစ်ခုက (မိုးပြာဂိုဏ်းပေါ့ ဟုတ်လား) ဆိုပြီး ကျနော့်စီဘောက်မှာ အော်သွားတဲ့ကိစ္စကို အတော်လေး အတွေးပွါးနေမိပါတယ်။ သူဘာလဲ.. ဘယ်လဲ ပေါ့။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်နေတာက
အသက်ကသာ ကြီးလာတယ်။ ဘာမှလဲ အသုံးမကျသေးပါလား ဆိုပြီး အိပ်ရာဝင်တိုင်း ဆင်ခြင်နေမိတယ်။

ကျန်းမာရေးအခြေအနေက
ဒေါင်ဒေါင်မြည်ဆိုပေမဲ့ ထိုင်တာများရင် ၀မ်းဗိုက်ထဲမှာ လေဖွဲ့တတ်တယ်။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
မအားပေမဲ့ ဘလော့ဂ်လစ်ထ်ထဲက ထိပ်ရောက်လာတဲ့ ဘလော့ဂ်တွေ အကုန်ဖတ်ဖြစ်တယ်။ အင်္ဂလိပ်စာအုပ်တစ်ချို့ လဲ နဲနဲတော့ ဆားမြည်းဖြစ်တယ်။

လက်ရှိရောက်နေဖြစ်တာက
weekdays တွေမှာ ကျောင်းတက်လိုက် အိမ်ပြန်လာလိုက်နဲ့ လွန်းပျံဖြစ်နေတတ်ပေမဲ့ weekend ရောက်ရင်တော့ ကေသရာဇာခြင်္သေ့ပမာ အခန်းအောင်းနေတတ်ပါတယ်။

ရေးနေဖြစ်တာက
အခုတစ်လော ဘာမှ မရေးဖြစ်ဘူး။ Final research essay(2000 words) အတွက် နေ့မအား ညမအား ဦးဏှောက်စားနေတယ်။

ဖတ်မိတဲ့ကဗျာတွေက
ညီငယ် မိုးစက်အိမ် ရဲ့  မော်ဒန်ကဗျာလေးတွေ အားလုံး ဖတ်ဖြစ်ပါတယ်။ ပြီးတော့ လေးကျိုး တေးထပ် ရတု စတဲ့ ကာရန်ကဗျာတွေကိုလဲ တွေ့ရင် တွေ့သလို မြည်းကြည့်လိုက်တာပါဘဲ။

နားထောင်ဖြစ်နေတာက
စိုင်းထီးဆိုင်၊ ခင်မောင်တိုးတို့ကတော့ အကြိုက်ဆုံးပါဘဲ။ ထီးအိမ်သင်ရဲ့  အမေသီချင်းလေးတွေလဲ နားထောင်ဖြစ်တယ်။ ချစ်မိုးကြီးလဲ မကြာမကြာနားထောင်ဖြစ်တယ်။ (အချစ်ရေ.. ဆိုတဲ့သီချင်း ရှိရင် ညွန်းပေးကြစေလိုပါတယ်။ စကားချပ်).

ဖြစ်ချင်နေတာက
သွက်သွက်လက်လက်နဲ့ လူမှုရေးကောင်းပြီး အများကို စိတ်ချမ်းသာမှုတွေ ပေးနိုင်တဲ့သူ ဖြစ်ချင်တယ်။ (၀ယ်လို့ရရင် ၀ယ်လိုက်ချင်တယ်။ တကယ်ပြောတာပါ။ အခုတော့ စိတ်သွားတိုင်း ကိုယ်က မပါဘူး။)

စားဖြစ်နေတာက
အဝေးမှာ ရောက်နေပေမဲ့ မြန်မာ့ထမင်းနှင့်မြန်မာ့ဟင်းပါဘဲ။ တစ်ခါတစ်လေ ကြက်သားကြော် ၀ယ်စားဖြစ်တယ်။

သနားနေမိတာက
မိဘနှင့်ခွဲခွါပြီး ပြည်ပမှာ ကျောင်းတစ်ဘက် အလုပ်တစ်ဘက်နှင့် ဘ၀ကို ရုန်းကန်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ဘာသာရေးပဋိပက္ခတွေမှာ လူတတ်လုပ်ပြီး ဝေဖန်ကြတဲ့သူတွေ၊ ဣဿာ မစ္ဆရိယ အရမ်းများတဲ့ သူတွေအားလုံးကို တကယ်ဘဲ သနားမိပါတယ်။

လွမ်းနေမိတာက
တည်ငြိမ်မှု အပြည့်ရှိလာမဲ့ အမိမြန်မာနိုင်ငံကြီးကို တကယ်ဘဲ လွမ်းမောနေမိပါတယ်။ ဖြစ်နိုင်ရင် အခုဘဲ ပြန်သွားချင်တယ်၊ အေးအေးချမ်းချမ်းနေရမယ်ဆိုရင်ပေါ့။

ခါးသက်နေမိတာက
အက်စ်ပရက်ဆို၊ ကော်ဖီလတ်၊ ကပုချီနီတွေ ခါးပေမဲ့ ကြိုက်တယ်။ တကယ်ခါးသက်မုန်းတီးနေမိတာက သူများအတင်းကို အရမ်းပြောသူနှင့် စကားကို တင်စီးပြီး လူတတ်လုပ်ပြောဆိုတတ်သူတွေကိုပါဘဲ။

မုန်းနေမိတာက
ခန္ဓာကိုယ် ထွားကြိုင်းချင်လို့ လေ့ကျင့်ခန်းတွေ လုပ်ပေမဲ့ ပေါင် ၁၃၅ လောက်မှာဘဲ ရပ်တန့်နေလို့ ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေကို မုန်းမိတယ်။

အမြဲတမ်းတနေမိတာက
မဖြစ်နိုင်တော့တဲ့ အရာတွေပါ။ မိဘနှစ်ပါး ညီအစ်ကိုတွေနဲ့ အတူတူနေချင်တယ်။ ဒါပေမဲ့ မိဘနှစ်ပါးလုံး ဆုံးသွားကြပြီ။ အစ်ကိုတစ်ယောက်လဲ ထိုင်းနိုင်ငံထဲမှာ ပျောက်ဆုံးနေတာ ဆယ်စုနှစ်ကျော်သွားပြီ။

ချီးကျူးနေမိတာက
မက်မက်ဆိုတဲ့ စင်္ကာပူက ကောင်မလေးကို ချီးကျူးမိတယ်။အွန်လိုင်း တက်ခ်နီကယ်ပိုင်းဆိုင်ရာကို စိတ်ရှည်ရှည်ရှင်းပြပေးလို့။ တကယ်ချီးကျူးမိတာက စင်္ကာပူကနေပြီး ကျနော့်ကွန်ပျူတာထဲကို ၀ိဥာဉ်တစ်ခုလို အရောက်လာပြီး ကျနော့်ကွန်ပျူတာကို အသုံးပြုပေးသွားလို့။ (ဒီနည်းစနစ်ကို သိပြီးသူတွေကတော့ ကိုကိုမောင် အတော်တုံးတာဘဲ လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ မက်မက်ကို တကယ်ချီးကျူးနေမိတာပါ။)

အထင်သေးမိတာက
ကျနော့်ကို ကျနော် အတော်အထင်သေးမိတယ်။ လူတွေရှေ့ မှာ စကားပြောရင် confidence မရှိသလိုဖြစ်နေလို့။

ဆန္ဒမရှိတဲ့နေရာက
စရိုက်မတူတဲ့လူများစုဝေးရာနေရာကို ဘယ်တော့မှ ဆန္ဒမရှိပါ။

ဆန္ဒရှိနေတာက
စကော့တလန်ဘက်ကို အလည်အပတ်သွားချင်တယ်။ နွေရာသီလေးမကုန်ခင်ပေါ့။ စကော့တလန်ရှုခင်းတွေက အရမ်းလှတယ်တဲ့။

ချစ်နေတာက
အမြဲတမ်း စိတ်ကို လှုပ်ရှားစေတဲ့ ခပ်ချောချော ခပ်ထက်ထက် ကျနော့်ချစ်သူလေးကို ချစ်ခဲ့ ချစ်ဆဲ ချစ်နေဦးမှာပါဘဲ။

စိတ်ပျက်နေမိတာက
ကိုယ့်ဘက်ကို အရမ်းယက်ပြီး သူတစ်ပါးရဲ့  ခံစားမှုကို လုံးဝ မစဉ်းစားတတ်တဲ့လူတွေကို တကယ်စိတ်ပျက်မိပါတယ်။

စွဲလန်းနေမိတာက
ချစ်သူလေးနဲ့ ကြည်ကြည်နူးနူး စကားပြောနေရတာကို အရမ်းစွဲလန်းနေမိပါပြီ။

လိုအပ်နေတာက
စိတ်ချမ်းသာမှုပါ။ စိတ်ကို ရှင်းရှင်းလင်းလင်းနဲ့ အေးအေးချမ်းချမ်း နေဖို့ တကယ်လိုအပ်နေတာပါ။ ဒါပေမဲ့ လူဆိုတော့ အခက်သား။

တောင်းနေမိတဲ့ဆုက
အမုန်းခံဘ၀မှ လွတ်ပါရစေသား။ သူတစ်ပါးကို မမုန်းတတ်တဲ့သူ ဖြစ်ပါရစေသား။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ကိုကိုမောင်.... မင်း စာမကြိုးစားဘဲ... ဘာတွေ အရှုပ်လုပ်နေတာလဲ???

ဝန်ခံချင်တာက
ငါ ဘာမှ အသုံးမကျသေးပါလား။


ကဲ ပန်းကဗျာ နှင့် မြတ်နိုးတို့ရေ...
တဂ်ထားတာလေးကို ကျနော် ကြိုးစားပြီး ပေါင်းရေးလိုက်ပါတယ်။ နဲနဲနောက်ကျသွားလို့ တကယ်အားနာပါတယ်။ ဖြစ်နိုင်ရင် ချက်ချင်းရေးပေးချင်ခဲ့တာပါ။ ဒါပေမဲ့ စိတ်ကသာ ရေးချင်ပေမဲ့ မအားမလပ်ဖြစ်နေလို့ အခုမှဘဲ ရေးဖြစ်လိုက်တော့တယ်။ အားလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။ ။

.....

Wednesday 12 August 2009

ကျနော့်မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသူများ


Blogger မွေးနေ့မှာ ဆုတောင်းပေးကြတဲ့ ညီ အစ်ကို မောင်နှမများကို အထူးဘဲ ကျေးဇူးတင်ပါတယ်။ (အသက်ဘယ်လောက်လဲလို့တော့ မမေးနဲ့နော်။ ပြောဘူး :D။ ကျနော်က အင်္ဂါသားပါ)။

ရေနစ်နေတဲ့သူအတွက် မြစ်ပင်တစ်ပင်ဟာ ခိုကိုးရာပါ။
အားအင်တွေလိုအပ်နေတဲ့အချိန်မှာ ပုန်းရည်တစ်ခွက်ဟာ တန်ဖိုးရှိလှတဲ့ သြဇာအာဟာရလေးပါ။
စိတ်ဓါတ်တွေကျနေတဲ့အချိန်မှာ အားပေးစကားလေးတစ်ခွန်းဟာ စိတ်အာဟာရဆေးတစ်ခွက်ပါ။
အထီးကျန်နေတဲ့အချိန်မှာ စကားတစ်လုံးပြောပေးခြင်းဟာ အကောင်းဆုံးနှစ်သိမ့်မှုလေးပါ။
ကျနော့်မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးကြခြင်းဟာ ကျနော့်အတွက် အလွန်တန်ဖိုးရှိလှတဲ့ ရတနာတစ်ပါးပါဘဲဗျာ။ ။


မွေးနေ့ဆုတောင်းပေးကြတဲ့သူတွေအားလုံး,
ကျန်းမာပါစေ။ ချမ်းသာပါစေ။ လိုအင်တွေပြည့်ပါစေ။
ထီဆု အကြီးဆုံးပေါက်ကြပါစေ။ လူတိုင်းရဲ့  ချစ်ခင်မှုကို ကြပါစေ။
နှစ်သက်သူနှင့်သာ ပေါင်းဖော်နိုင်ကြပါစေ။ ရုပ်အဆင်းလှပကြပါစေ။
ခန္ဓာကိုယ် အချိုးအဆစ် ပြေပြစ်ကြပါစေ။ ခွန်အား ဥာဏ်အားနှင့်ပြည့်စုံနိုင်ကြပါစေ။
ဘေးဘယာတွေ ဝေးကွာကြပါစေ။ မေတ္တာပန်းများ ပွင့်လန်းနိုင်ကြပါစေ။
[လိုချင်တဲ့ဆု (ကောင်းတဲ့ဆု)တောင်းပြီး ပြည့်ကြပါစေ]။

.......


သူတို့က ကျနော့်အတွက် ဒီလိုလေးတွေ ဆုတောင်းပေးခဲ့ကြပါတယ်။
မြစ်ကျိုးအင်း said...

တစ်လာယူတယ်ဗျ
မွေးနေ့အမှတ်တရပေါ့

10 August 2009 08:33


Delete
Blogger မြစ်ကျိုးအင်း said...

ဘယ်နှစ်နှစ်ပြည့်မွေးနေ့လဲဗျ...။သောက်ဝိုင်းလေး
တ၀ိုင်းတော့စီစဉ်သင့်တယ်နော် ဟဲဟဲ နောက်တာပါဗျာ

မွေးနေ့ရှင် သူငယ်ချင်းပျော်ရွှင်ပါစေဗျာ
အစစအရာ အဆင်ပြေနိင်ပါစေ...။
ဘ၀မှာကောင်းသောမြတ်သော နေ့များစွာကို ပိုင်ဆိုင်နိင်
ပါစေဗျာ..။

10 August 2009 08:35


Delete
Comment deleted

This post has been removed by the author.

10 August 2009 09:11


Delete
Blogger မြူးသျှရီ said...

May you have all the joy your heart can hold,
All the smiles a day can bring,

All the blessings a life can unfold,
May you have Gods best in everything.

Wishing u a Happy Birthday

10 August 2009 09:13


Delete
Anonymous နှင်းနဲ့မာယာ said...

Happy Happy Birthday!!!!!

ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေနော်....

နှင်း

10 August 2009 09:50


Delete
Blogger အနမ်း said...

မောင်လေးရေ မွေးနေ့ မှာ ဆန္ဒတွေအားလုံးပြည့်မြောက်
ပါစေနော်။ နောင်မွေးနေ့ ပေါင်းများစွာကိုလည်း အဆင်
ပြေပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။ စာမေးပွဲများစွာကို အခက်အခဲမရှိဖြေဆိုနိုင်ပါစေ။

10 August 2009 09:58


Delete
Blogger လင်းကြယ်ဖြူ said...

***H*A*P*P*Y***B*I*R*T*H*D*A*Y***

ကဲ ...စပြီ...
မွေးနေ့ မွေးနေ့
ဘ၀ဆိုတဲ့ အချိန်ကို စတင်ခဲ့တဲ့ နေ့..အမှတ်တရ
လူရယ်လို့ သတ်မှတ်ခြင်းခံလိုက်ရတဲ့နေ့...အမှတ်တရ
ပျော်စရာတွေကိုကြုံဆုံရအောင်အစပြုခဲ့တဲ့နေ့..အမှတ်တရ
ငါဆိုတဲ့ ငါ တစ်စစပြောင်းလဲခြင်း သတိထားမိအောင် စပေးခဲ့တဲ့နေ့..အမှတ်တရ
တကယ်တမ်းဒီနေ့က အကောင်းဆုံးနေ့လေးပဲ...
ဒီအကောင်းဆုံးနေ့လေးကို အစပြုခွင့်ပေးခဲ့သူတွေ ကိုလည်း...ဂါရ၀ဲပြုတတ်အောင် ဖန်တီးပေးတဲ့နေ့...

သူငယ်ချင်း ဒီနေ့က အမှတ်တရ...တကယ်ကို အကောင်းဆုံးနေ့လေးပဲ..နောက်နေ့တွေမှာလည်း ဒီနေ့ ကအကောင်းဆုံးနေ့လေးပဲလို့ တွေးမြင်နိုင်ပါစေ

10 August 2009 15:19


Delete
Blogger myatnoe said...

happy birthday !

10 August 2009 15:50


Delete
Blogger မေဇင် said...

သြော်.... 10 ရက်နေ့ လား.. နောင့် က 14 ရက်နေ့.. ပျော်ရွင်ပါစေနော်.... လိုအပ်ချက်တွေ မှန်သမျှပြည့်စုံနိုင်ပါစေ..ရှင်..။

10 August 2009 18:25


Delete
Blogger WWKM said...

ပျော်ရွှင်ဘွယ်မွေးနေ့လေးဖြစ်ပါစေ ကိုကိုမောင်ရေ.း)

HAPPY BIRTHDAY TO U.

10 August 2009 18:45


Delete
Blogger ခြေလှမ်းသစ် said...

ကိုမောင်ရေ အတိအကျ မသိဘဲနဲ့ မွေးနေ့ကဗျာလေးကြောင့် လာပြီး သူများတွေပြောလို့ ရင်ထဲကနေ ဆုတောင်းပေးလိုက်ပါတယ် ယနေ့မွေးနေ့မှသည် လွပ်လပ်မှုများနဲ့အတူ လိုအင်ဆန္ဒများနဲ့ ပြည့်ဝပါစေလို့...

10 August 2009 19:07


Delete
Anonymous flowerpoem said...

Happy Birthday ပါ သယ်ရင်း ကိုကိုမောင်
ဖြစ်ချင်တာတွေအားလုံး ဖြစ်ပါစေရှင် နောက်ကျသွားတာ Sorry :P
ဧရာဝတီ

10 August 2009 21:40


Delete
Blogger နေမင်းသံစဉ် said...

မွေးနေ့လေးမှ စပြီး ဘ၀မှာ ပျော်ရွှင်ချမ်းမြေ့ခြင်းများစွာ ပိုင်ဆိုင်ပါစေဗျာ..

11 August 2009 01:13


Delete
Blogger ထင်လင်းအောင် said...

မွေးနေ့တုန်းကမရောက်လိုက်ရဘူး...
ခုမှသိတယ်.... Happy Birthday နော်..အကို...
အကို အမြဲတမ်းပျော်ရွင်နိုင်ပါစေလို့..ဆုတောင်းမေတ္တာပို့သလျှက်ပါ...

11 August 2009 06:07


Delete
Comment deleted

This post has been removed by the author.

11 August 2009 06:07


Delete
Blogger မီမီဝါ said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ... ကိုကိုမောင်...ကစားကွင်းသွားလည်ဖို့ ဖိတ်ခေါ်ပါတယ်...

11 August 2009 08:43


Delete
Blogger Moet said...

နှစ်ရက်တောင် နောက်ကျသွားတယ် ... အွန်လိုင်းမလာတာကြာသွားလို့ ပါ ....
မွေးနေ့အလွန်နှစ်ရက်ကျော်ကစပြီး ဆန္ဒနဲ့ဘ၀ ထပ်တူကျနိုင်သောသူဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော် ....



ခင်တဲ့

ကြယ်ပြာ

11 August 2009 09:22


......................

စီဘောက်စ်ထဲမှာလဲ ဒီလို ဆုတောင်းပေးကြသေးတယ်။

12 Aug 09, 16:16
kiki: မွေးနေ့ လွန်မှ သိရတယ်.စိတ်မဆိုးပါနဲ့နော် . ... ပျော်ရွှင်ပါစေ .. ( နောင်နှစ်အတွက် ကြို ဆုတောင်းပေးသွားပါသည်)


12 Aug 09, 01:08
လင်းကြယ်ဖြူ: ပွဲလုပ်လေ..စောင့်နေတယ်


12 Aug 09, 01:08
လင်းကြယ်ဖြူ: ရပါတယ်ဗျာ


11 Aug 09, 03:00
လွင်ကို:ံMay ur wishes be filled in every moment of ur life


10 Aug 09, 18:17
မ အနမ်း: မွေးနေ့ အမှီလာတာ။ ကွန်နက်မရလို့  နောက်ကျတယ်မောင်လေးရေ ။ အဆင်ပြေပျော်ရွှင်ပါစေနော်


10 Aug 09, 17:51
နှင်းနဲ့မာယာ: Happy Happy Birthday to you!!!!!


10 Aug 09, 15:55
Japuma,Pici,Juzz: Happy Birthday to you...All your dreams may come true in your Happy Birthday.

....

Monday 10 August 2009

ကျနော့်မွေးနေ့


သြဂုတ်လဆယ်ရက်မှာ
အသက်တွေ ထပ်ဆွေးမြေ့
မွေးနေ့တဲ့ဗျား။


အမှတ်တရအဖြစ်
ကျောင်းလှစ်ပြီး အမျှပေးတယ်
ဘေးကင်းကြစေသား။ ။


......

Sunday 9 August 2009

မန်ယူ အဲဒီလိုမလုပ်နဲ့

2 - 2 (1-4)

ချယ်လ်ဆီး ခြံစည်းရိုး
တစ်ဂိုးအရင် ကန်သွင်း
ချက်ချင်းထလို့အော်
(ကျနော်တို့) ပျော်တစ်ပြုံးပြုံး။


(အဆုံးမှာ) နှစ်ဂိုးစီသရေကျ
အဖြေရဖို့ ပင်နယ်လ်တီကန်
မန်ယူတို့ လုပ်ဆောင်ချက်
လန်ထွက်အောင်ရှုံး။ ။

.....

Friday 7 August 2009

ကလေးဘ၀ အမှတ်တရ (တဂ်ပို့စ်တ်)

ကလေးဘ၀ အမှတ်တရ တဲ့လား။ နှင်းနဲ့မာယာက တဂ်ထားတယ်။ ရေးမယ်ရေးမယ်နဲ့ မအားမလပ်ဖြစ်နေလို့ မရေးဖြစ်ခဲ့ဖူး။ အခုမှဘဲ ရေးဖြစ်လိုက်တော့တယ်။

ငယ်ဘ၀ကို ပထမဦးဆုံးအမှတ်ရစေတာကတော့ အမေပြောပြတဲ့ ရွှေယုန်နှင့်ရွှေကြားပုံပြင်လေးပါဘဲ။ ညစဉ်ညတိုင်းပြောပြပေမဲ့ ဘယ်တော့မှလဲ ရိုးမသွားပါဘူး။ ညရောက်တိုင်း လသာဆောင်မှာ မိသားစုစုပြီး လရောင်ကို ခံစားရင်းလဲ အမေက ရွှေယုန်နဲ့ ရွှေကြား သက်ကယ်ရိတ်သွားတဲ့ပုံပြင်လေးကို ပြောပြတယ်။ အိပ်ရာထဲမှာလဲ ပြောပြတယ်။ အမျိုးတွေအိမ်အလည်သွားရင်းနဲ့လဲ ပြောပြတယ်။ ဘယ်လိုဘဲပြောပြော ဘယ်လောက်ဘဲ ပြောပြော ကျနော့်အတွက်ကတော့ ရိုးမသွားခဲ့ပါဘူး။
.......

ပြီးတော့ ရွယ်တူသူငယ်ချင်းတွေနဲ့ ဆိုရခက်ခဲတဲ့ စာကြောင်းလေးတွေကို ခပ်မြန်မြန်ဘယ်သူဆိုနိုင် မဆိုနိုင် ပြိုင်ခဲ့ကြတာကိုလဲ အမှတ်ရမိတယ်။
လိပ်ပြာ လိပ်ပြာ လိပ်ပြာ (အမြန်ထပ်ခါထပ်ခါဆိုပါ)။
ဘန့်ဘွေးပွင့် ပက်လက်လန် (အမြန် ထပ်ခါထပ်ခါဆိုပါ)။
နွေမှာ ပွင့်တဲ့ နွေပွဲပွင့် (အမြန်ထပ်ခါထပ်ခါ ဆိုပါ)
ရွှံ့ ပေါ် ရှဥ့်ပြေး ရှဥ့်မွေး ရွှံ့ မလူး
(အမြန်ထပ်ခါထပ်ခါဆိုပါ)။

ပြိုင်ခဲ့ကြပေမဲ့လဲ ရွတ်ဆိုတာမြန်လာတဲ့အခါ စကားလုံးတွေ ထပ်သွားတာပါဘဲ။
ဥပမာ။
လိပ်ပြာ လိပ်ပြာ လိပ်ပြာ ဆိုပြီး အခါပေါင်းများစွာ ရွတ်ဆိုလို့ရှိရင် ပြာလိပ် ပြာလိပ် ပြာလိပ်ဆိုပြီး ပြောင်းပြန်ဖြစ်သွားတယ်လေ။ အထူးသဖြင့်တော့ နွေမှာ ပွင့်တဲ့ နွေပဲပွင့် လို့ဆိုရတာက အခက်ဆုံးပါဘဲ။
......

သူများတွေ တရုတ်စကား ပြောနေတာ မြင်ရင် ဘယ်ကနေရလာမှန်းမသိတဲ့ စာလေးကို ရွတ်ဖတ်ပြီး အချင်းချင်းနောက်ပြောင်နေမိခဲ့ကြတယ်။ ဘာတဲ့။ နုတ်ပြီစံ ချူးလေး အင်ရှင်ပွတ် ခပ်ဖနုံ ရာခွိုက် တဲ့။

တရုတ်စကားတတ်ပြီး အင်္ဂလိပ်လိုမတတ်ဘူးလို့တော့ မထင်လိုက်နဲ့နော်။ တတ်တယ်။ ဒီလို။
ရန်းဂူး တစ်ဖန်းကက် ဓနောတိ ချိုက်ကင်။
အာသိမ်ထဲ ချဲလှော် ဒဲပြူး လြဲီး။ (အိမ်သာထဲ ချော်လဲ ဒူးပြဲ ...... )။ ညစ်ပတ်တာမဟုတ်ဘူးနော်။ ကလေးဘ၀တုန်းက အော်ဆိုခဲ့ကြတာကို ပြန်ပြောပြတာပါ။
.....

ကျောင်းသားဘ၀တုန်းက လူစုမိကြပြီဆိုရင် တစ်လှည့်စီ မြို့နာမည်တွေ ဖော်ပြတမ်းကစားကြတယ်။ ဥပမာ။ ရက ဆိုတာ သိလားပေါ့။ သိတယ်။ ရက ဆိုတာ ရန်ကုန်ပေါ့။ အဲဒီလိုမျိုးတွေ ခဏခဏကစားဖြစ်တယ်။ မြို့အစုံပေါ့။ ပြီးတော့ ရွာထဲမှာ ရှိတဲ့ ကောင်မလေးငယ်ငယ်လေးတွေရဲ့ နာမည်တွေကိုလဲ ခဏအတွင်း ပြောနိုင်မပြောနိုင် ခုနကအတိုင်း ကစားကြတယ်။ ဥပမာ။ ထက ဆိုတာ သိလား။ သိတယ်။ ဘာလဲ။ ထက ဆိုတာ ထွေးကြည်ပေါ့။ စသဖြင့် စသဖြင့်ပေါ့လေ။ စုံနေတာပါဘဲ။
...

ပြီးတော့
ကုက္ကိုပင်က ကိုကံကောင်း ကုက္ကားကိုင်းကို ကောင်းကောင်းကိုင်။
သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သိသိသာသာ သွားသည်။
တဲတိုင် တစ်တာ တွင်းတူး။
ကုက္ကိုကုန်းက ကျွဲကြီးကိုးကောင်ကို ကြာကြီးကွင်းက ကျားကြီးကိုးကောင်က ကိုက်ကြ။

အဲဒီလို အက္ခရာတစ်လုံးထဲနဲ့ သုံးနှုံးထားတဲ့ စာကြောင်းတွေကို ဘာအဓိပ္ပါယ်ရှိမှန်းတော့ ကောင်းကောင်းမသိခဲ့ဘူး။ ဒါပေမဲ့ ခဏခဏ အော်ဆိုဖြစ်ခဲ့ကြတယ်။ အော်ဆိုလို့ အတော်လေး ပါးစပ်အရသာတွေ့တယ်လေ။
......

နောက်ပြီး
ကျနော်တို့ ကိုရင်ဝတ်နေကြစဉ်တုန်းက ရွာထဲကကောင်လေးတွေနဲ့ ဆုံမိကြတဲ့အခါ သူတို့က ၀ိုင်းစကြတယ်။
ကိုရင် ကိုရင် အပျိုမြင်၊ ချိုချဉ်မစုပ်ရ တဲ့။
ကျနော်တို့လဲ အသာလေး ငြိမ်ခံမနေပါဘူး။ ထပ်သောင်းကျန်းလိုက်တယ်။
စုပ်ရပါတယ် ယောက်ဖရယ်၊ ၀ယ်ပေးမလားကွယ် လို့။

ကိုရင်လူထွက် ငါးပိချက်၊ ယောက်မနဲ့နှက်၊ ဒေါက်ဒက် လို့ အော်ပြီး စတာ နောက်တာလဲ ခဏခဏ ခံရဖူးတယ်။ စိတ်ဆိုးစရာကောင်းပေမဲ့ ကျနော်တို့ ပျော်ခဲ့ကြပါတယ်။

တောင်ပေါ်ကရှမ်းကလေးကတော့ မြန်မာတစ်နိုင်ငံလုံး ခေတ်စားခဲ့တယ်ထင်ပါတယ်။ ကျနော်တို့လဲ ဆိုခဲ့ကြတာပါဘဲ။
....

ကျနော်တို့ ကလေးအရွယ်တုန်းက ဗူစီပေါင်းတွေ ခဏခဏ၀ယ်ပြီး ဆော့ကစားခဲ့ကြတယ်။ ဒါကို ကျနော်တို့အဖိုးက သိတော့ မင်းတို့ကောင်လေးတွေ ငွေဖြုန်းတဲ့ လေလုံးဘဲ ၀ယ်နေကြတယ်။ ဘာအကျိုးရှိလဲ၊ စားလို့ရလား၊ သောက်လို့ရလား၊ ဗိုက်ပြည့်ကြလား တဲ့။ သတိရတာလေးကို ပြန်ပြောပြတာပါ။ ရသတော့ မမြောက်ပါဘူး။
.....

ခပ်ညစ်ပတ်ပတ် စာသားလေးတွေလဲ အများကြီး အော်ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘလော့ဂ်စာမျက်နှာပေါ်မှာ ဂါမ္မဒေါသတွေ သင့်နေမှာစိုးလို့ မရေးလိုက်တော့ပါဘူး။ ကလေးဘ၀ဆိုတော့လဲ သူများတွေ အော်ဆိုတာကို လိုက်အော်ကြတာဘဲလေ။ ရိုင်းလားမရိုင်းလားတောင်မသိခဲ့ပါဘူး။ အခုမှ သေချာတွေးကြည့်ပြီး ကိုကိုမောင်ဆိုတဲ့သူ တော်တော်လေး အရှက်နည်းပြီး ရိုင်းစိုင်းခဲ့ပါလားလို့ ရှက်တွေးလေး တွေးမိရင်း နှင်းနဲ့မာယာရေ... ဒီလောက်ဆို ကျေနပ်တော့နော်။

........

Wednesday 5 August 2009

လေးတယ်


ရီဆာ့ခ်ျအက်ဆေးလေးတစ်ပုဒ်အတွက်
အိပ်ပျက်ညတွေ အသာမေ့
စာကြည့်တိုက်သို့ပြေး။


ရက်ဖရင့်စ် များများရစေဖို့ အလုပ်လုပ်
စာအုပ်တွေ ဆင့်ကာ(ဆင့်ကာ) သယ်လာရ
လေးလှတယ်လေး။ ။

...